(Unicode)
"ဒီမှာထိုင် ဒဲပါ"
"ပြောစရာရှိတာကိုသာ ပြောပါ ကိုရှင်းခန့်ညား၊ ကျွန်တော် ကျွန်းကို ပြန်တော့မှာ"
"ကျစ် ဒဲပါရာ.."
ဆိုဖာမှာ ထိုင်အောင် ရှင်းခန့်ညား အတင်းဆွဲချနေတာတောင် ခန္ဓာကိုယ်ကို တောင့်ကာ မတ်တပ်ရပ်ထားတဲ့ ဒဲ။ နောက်ဆုံးတော့ ရှင်းခန့်ညားကပဲ အလျှော့ပေးပြီး မတ်တပ်လိုက်ရပ်ရသည်။ ဒဲက သူ့အကြည့်တွေကို နံရံက နာရီဆီ ပို့ထားဆဲ။
"ခုနက ဘယ်လောက် စိတ်ပူသွားတယ် မှတ်လဲ"
"...."
စိတ်ပူတဲ့အဆင့်တင်မဟုတ်ဘဲ ရှင်းခန့်ညား သွက်သွက်ခါ ရူးမတတ်ဖြစ်သွားတာ။ ဖုန်းယူပြီး ပြန်လာတော့ ဒဲက မရှိတော့။ ထိုအချိန် ခြံဝက လုံခြုံရေးအဆောင်က သတင်းပေးလာသည်။ အပြင်ဘက်က တစ်ယောက်တည်း ထွက်သွားသည်တဲ့။ စိတ်လွတ်ကိုယ်လွတ် ပြေးလိုက်တော့လည်း အပြင်လမ်းပေါ်မှာ ဘယ်သူမှမရှိ။ CCTVပြန်ကြည့်ကာမှ ကားတစ်စီးပေါ်တက်ပြီး လူတစ်ယောက်နဲ့ ထွက်သွားတာကို တွေ့သည်။
ညီစေသော်မှန်းသိတာနဲ့ သွေးဆောင့်တိုးပြီး သတိတောင် ပစ်လဲချင်သော်လည်း ထိုကောင်က ဖြေသည်၊ သူ ဒဲကို တစ်နေရာမှာ ထားခဲ့သည်။ လူယုတ်မာက "ကလေးကို ငိုအောင် လုပ်ထားတာ၊ မင်း ဘာသာမင်းရှာ"ဆိုပြီး နေရာမပြော။ ရှင်းခန့်ညား အရပ်လေးမျက်နှာကို ပတ်ပြေးနေစဉ်မှာ ဇွဲမင်းမာန် ဆက်သွယ်လာခြင်းဖြစ်သည်။
"ငါ ပြောတာ လွန်သွားရင် တောင်းပန်တယ်၊ လူကြီးတွေ စိတ်ပူနေပြီ၊ ပြန်ရအောင်"
"လွှတ်! မပြန်ဘူး!"
လက်ကောက်ဝတ်ကို အထိတောင် မခံဘဲ ချက်ချင်းရုန်းသည်။ ဒဲက ရှင်းခန့်ညားကို စေ့စေ့တောင် မကြည့်။ ဒီကောင် ရင်ပူပူနဲ့ အမောစို့ခဲ့တာကို သူ ဘယ်နားလည်ပါ့မလဲ။
"ဒဲပါ ငါ တကယ်ပင်ပန်းနေပြီကွာ"
"ပင်ပန်းစေမိတဲ့အတွက် တောင်းပန်ပါတယ်၊ မဆိုင်တဲ့ ကိစ္စကို ဝင်ပါခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ နစ်နစ်စေလိုတဲ့စိတ် တစက်ကလေးမှ မရှိပါဘူး။ ကျွန်တော်က ဒီတိုင်း ကိုရှင်းခန့်ညားရဲ့ အချစ်ရေးကို အဆင်ပြေစေလိုတဲ့ စိတ်ကလေးပဲ ရှိတာပါ"
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...