(Unicode)
-ဒဲပါ ငါ့ကို ထမင်းစားမစောင့်နဲ့နော်၊ အစည်းအဝေးပေါ်လာလို့ နောက်ကျမယ်-
စာကိုဖတ်ရင်း သက်ပြင်းကိုချမိသည်။ ကိုရှင်းခန့်ညား ဒီနေ့လည်း အပြန်နောက်ကျမည်။ ဒဲသည် စံအိမ်ကြီးတစ်ခုလုံးမှာ ကိုရှင်းခန့်ညား တစ်ယောက်ကိုသာ မှီတည်ကာ နေရသူမို့ တစ်ယောက်တည်းအချိန်ဆို သိပ်အားငယ်သည်။ အထူးသဖြင့် အောက်ထပ်က အစ်မကြီးများ ကြည့်ကြတဲ့ မျက်လုံးတွေကို ကြောက်သည်။ ဒါပေမဲ့ အလုပ်ရှုပ်နေတဲ့သူ စိတ်ဖြောင့်အောင်...
-ရပါတယ် ကိုရှင်းခန့်ညား အလုပ်ကိုကြိုးစားပါ-
ကိုရှင်းခန့်ညားကို စာပြန်ပြီးတာနဲ့ အောက်ထပ် ထမင်းစားခန်းကို သွားရသည်။ စောစောရောက်သွားတာမို့ ဒဲ ငူငူငိုင်ငိုင်ဖြစ်နေမလား စိုးရိမ်မိပေမဲ့...
"ကိုဒဲ"
"ဟင်"
ထည်ဝါနဲ့ ထည်ဝါ့သူငယ်ချင်းတွေ။ ဒဲရဲ့ဘေးတဖက်တချက်စီမှာ အလုအယက်ဝင်ထိုင်သည်။ ထိုထဲမှာ မူရှူးဆိုသူက ဦးဆောင်ပြီး..
"ကိုဒဲကို သတိရနေတာ၊ ခုတစ်လော မျက်နှာတောင် မမြင်ရဘူး၊ နေကောင်းလား၊ ကျန်းမာလား၊ ချမ်းသာလား ဟီး"
"အစ်ကို နေကောင်းပါတယ် ဒီက..မူရှုး..တို့ရော"
"သားကို မှတ်မိတယ် ကြည့်စမ်း၊ နေကောင်းတယ် နေကောင်းတယ်၊ သားက အခုတလော မုန့်တွေအများကြီး စားနေတာ၊ ကိုဒဲလို ဖောင်းဖောင်းလေး ဖြစ်ချင်လို့"
"ဒါနဲ့ ယောက်ရီး၊ ကိုကြီး ပြန်မလာသေးဘူးလား"
မူရှုးက သွက်သည်။ ဒါပေမဲ့ ဒဲ မနည်းလိုက် နားထောင်နေရတာ။ ထည်ဝါ့မေးခွန်းကို ခေါင်းခါပြပြီးတော့မှ...
"အစည်းအဝေးရှိလို့ စားနှင့်တဲ့"
"ထူးထူးဆန်းဆန်း အလုပ်ကြိုးစားနေပါ့လား၊ မဖြစ်နိုင်တာ"
"ဒါဆို ကိုဒဲက အားတာပေါ့"
မျက်လုံးပေါက်ပိတ်အောင် ပြုံးပြလာသူက စျာန်လင်းရောင်။ ဒီတစ်ခါတော့ ဒဲ ခေါင်းညိမ့်ပြလိုက်သည်။ ဒါကို မူရှုးက ဝမ်းသာအားရဖြစ်ကာ..
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...