Episode (14)

760 78 68
                                    

(Unicode)

မိုးစင်စင်လင်းပြီ။ ကြက်တွန်သံအစား ဟောက်သံတစ်ခုက ကျယ်ကျယ်လောင်လောင် ထိုးထောင်ထွက်နေသည်။ ဘယ်သူလဲ ပြေးကြည့်စရာမလို၊ ထုံးစံအတိုင်း ဒီအသံက ညားမုန်ယို အဲ ရှင်းခန့်ညား ဆီက ထွက်နေတာ။

"ခေါ.. ခေါ"

ညကလို ထွေးထွေးပိုက်ပိုက်ဆိုတာ မအိပ်ခင်မှာပဲရှိသည်။ အခုကျ ဒဲက ကုတင်စွန်းမှာ၊ ရှင်းခန့်ညားက ကုတင်ကိုကန့်လန့်။ ခြေထောက်တစ်ချောင်းကို ဒဲခါးပေါ် ဖြတ်တင်ထားသေးသည်။

"ခေါ"

"ဒုန်း"

"အာ့!"

ရှင်းခန့်ညား ခြေကိုကွေးပြီး ပြန်ဆန့်လိုက်တော့ ဒဲ ခမျှာ ကြမ်းပြင်ပေါ် လုံးထွေးပြီးကျသည်။ အော်သံကြောင့်လား၊ အိပ်မက်ကြောင့်လားမသိ။ ရှင်းခန့်ညား မျက်လုံးတဖက်ဖွင့်ကာ ထလာသည်။ ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ ဒဲကို မြင်တာနဲ့..

"ဘာလို့ အောက်ဆင်းနေတာလဲ"

"ကိုရှင်းခန့်ညား ခုလေးတင် ကန်ချထားတာ"

"ဟာ ဟုတ်လား! ဘယ်နားနာသွားလဲ!"

"မနာဘူး ရတယ်"

တကယ်တော့ ဒဲ တစ်နေရာ နာသွားလို့ ထထိုင်လိုက်တာပါ။ ဒါပေမဲ့ ရှင်းခန့်ညားရဲ့ စိုးရိမ်တကြီး မျက်နှာကြောင့် ခေါင်းကအလိုလိုခါသည်။ ရုံးသွားရမယ့်လူကို စိတ်ပူအောင် မပြောချင်။

"ဒါဆိုလည်း ရေချိုးလိုက်ဦးမယ်၊ ပြီးရင် အောက်မှာ မနက်စာသွားစားကြမယ်"

"ဟုတ်၊ ကျွန်တော် စောင်ခေါက်ထားလိုက်မယ်"

"ခင်ဗျားလေး သဘောရှိပါ"

ရှင်းခန့်ညား ဘာတွေစားမိလဲမသိ၊ မနေ့ညနေကတည်းက ချိုသာပျော့ပျောင်းလွန်းနေတာ။ သူ ရေချိုးခန်းထဲ ဝင်သွားတာနဲ့ ဒဲလည်း အိပ်ရာခင်းဖြန့်ရင်း အလိုလိုပြုံးမိနေပြန်သည်။ ရန်ဖြစ်ပြီး ပြန်ခေါ်ရတာ ပျော်စရာကောင်းမှန်း ခုမှသဘောပေါက်တာကိုး။ ပြီးတော့ ငိုပြီးအိပ်သွားတာတောင်မှ ဒီနေ့ စိတ်လက်ကြည်လင်စွာ နိုးလာသည်။

"ကိုရှင်းခန့်ညား ဘာဝတ်မှာလဲမသိဘူး"

ပုံမှန်ဆို ရှင်းခန့်ညားက သူ့အဝတ်သူ ထုတ်ဝတ်နေကျ။ ဒီနေ့ကျမှ ဒဲ စိတ်ထဲမှာ ရုံးဝတ်သွားမယ့် အဝတ်အစားကို ကြိုထုတ်ပေးချင်စိတ် ပေါက်နေသည်။ အသားလတ်လတ်၊ မေးရိုးချွန်ချွန်နဲ့ ဥပတိရုပ်ကောင်းတဲ့ ရှင်းခန့်ညားအဖို့ သူ့အကြိုက် အညိုလေး ထုတ်ပေးထားရင် သဘောကျမှာ ကျိန်းသေသည်။

6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/  မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)Where stories live. Discover now