Episode (18)

761 78 42
                                    

(Unicode)

မနက်ခင်းမိုးသောက် အလင်းရောက်ခဲ့ပြီ။ ကဗျာမဆန်ဘဲ ဝုန်းဒိုင်းဆန်ခဲ့ရတဲ့ အခန်းလေးထဲမှာ ရှင်းခန့်ညားတစ်ယောက် အလုပ်သွားဖို့ ပြင်ဆင်နေသည်။ မျက်နှာထားကတော့ မှုန်ကုပ်တယ်ဆိုတာထက် တည်တင်းနေတာ။ ဘယ်လောက်တောင် တည်နေသလဲဆိုရင် ပုံမှန်ဆို ဒဲကို မြင်တာနဲ့ ငရံ့ပြာလူးဖြစ်နေတတ်တဲ့သူက အခု ဒဲက စကားလာပြောတာတောင်...

"ကိုရှင်းခန့်ညား မနက်စာစားမယ်တဲ့"

"ဆင်းနှင့်"

ကြည့်၊ ရေပက်မဝင်ပြောတတ်တဲ့သူက အခုများတော့ ရေငုံနှုတ်ပိတ်။ ရှင်းခန့်ညား ဒဲကို စေ့စေ့ပင် မကြည့်ဘဲ ရေချိုးခန်းထဲကို ဝင်သွားလိုက်သည်။ ရေချိုးပြီးသား ဖြစ်သော်လည်း ရေပန်းကို ဂိတ်ဆုံးထိ ဖွင့်ထားသေးသည်၊ အတွင်းကသံ အပြင်မကြားစေလိုတဲ့သဘော။ တံခါးမှာ နားကပ်နားထောင်ရင်း ဒဲ အောက်ဆင်းသွားတာ သေချာပြီဆိုတော့မှ...

"ရှက်လိုက်တာ သေတော့မှာပဲ အား! အား! အား"

မှန်ရှေ့မှာ ကုန်းအော်နေတဲ့ တစ်ယောက်သည် အချစ်မရဘဲ ဖင်လှန်ပြခဲ့ရသူ။ ရှင်းခန့်ညား ကိုယ့်အဖြစ်ကို အရမ်းရှက်သည်။ ဒဲမျက်နှာကို မြင်တိုင်း တွေးလေတွေးလေ ပိုရှက်လေပဲ။ ဒါကြောင့်ပဲ စေ့စေ့ကို မဆိုင်ရဲတာ။

"ငါ့မှာသိက္ခာရော၊ အရှက်ရော ဘာတစ်ခုမှမရှိတော့ဘူး၊ သွားပြီ သွားပြီ၊ ရှင်းခန့်ညား မင်းတော့ သွားပြီ... အား!"

ဒီလိုမှ မအော်ရင် ဘယ်လိုမှ နေနိုင်မယ်မထင်။ သက်သာသွားအောင် အော်ပြီးဟစ်ပြီးမှ အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။ ဒီအချိန်ဆို ထမင်းစားခန်းထဲမှာ လူစုံနေပြီ။ တစ်ညလုံး မအိပ်ရသေးတာမို့ မျက်ကွင်းညိုနေတဲ့ ရှင်းခန့်ညားကို မိခင်ဖြစ်သူက...

"သက်သာလား"

"သက်သာတယ် အမေ၊ ကျွန်တော် မစားတော့ဘူး၊ ဥာဏ်လင်းရောင်နဲ့ ချိန်းထားတယ်"

"မင်းကလည်း စားပြီးမှ သွားပါ၊ ငါလည်း လိုက်မှာပေါ့"

"တော်ပြီ၊ ဟိုကောင် စောင့်နေလိမ့်မယ်၊ မင်း စားပြီးမှ လိုက်ခဲ့၊ သွားပြီ အဘွား"

6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/  မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)Dove le storie prendono vita. Scoprilo ora