(Unicode)
အနေအထားက ဘယ်လိုလဲဆိုရင် လူသုံးယောက်ရှိသည်။ နှစ်ယောက်က ဆိုဖာမှာ ဘေးချင်းကပ်ရပ်ကိုမှ လက်ချင်းကိုင်ကာ ထိုင်နေသည်။ နောက်တစ်ယောက်က ထိုင်နေတဲ့နှစ်ယောက်ထဲက တစ်ယောက်ရဲ့ရှေ့မှာ ဒူးထောက်ထိုင်နေပြီး ပခုံးနှစ်ဖက်ကို ဆုတ်ကိုင်ထားသည်။ မျက်ရည် မဝဲတဝဲကိုမှ အပြုံးကတော့ ချိုနင့်လို့။ လက်ကိုင်ထားတဲ့ ဘေးကတစ်ယောက်ကတော့ ပါးစပ်ဟောင်းလောင်းနဲ့ ကြက်သေသေနေပြီ။
"Daniel..၊ ကိုကိုလေ ကိုကို့ကို မမှတ်မိဘူးလား"
Danielလို့ အခေါ်ခံရတဲ့ ကောင်လေးကတော့ ထူးဆန်းသည်၊ နှစ်ဖက်ညပ်နေတာကလွဲပြီး ဘာတုံ့ပြန်မှုမှမရှိ။ ရုတ်တရက်ဆန်လွန်းတဲ့ အခြေအနေကို နားလည်ဟန်မဟူ။ ဒူးထောက်သမားကပဲ ဆက်ပြီး..
"ကိုကိုပြုံးချိုလေ Daniel၊ ကိုကို့ကို တကယ်မမှတ်မိဘူးလား"
ပခုံးကနေ ဆွဲရမ်းနေတော့ လက်ကိုင်သမားကို အားကိုးတကြီး လှမ်းကြည့်သည်။ ထိုအချိန်ကျမှပဲ တရားဝင်ပိုင်ရှင် ရှင်းခန့်ညား အသက်ဝင်လာပြီး ပခုံးက လက်နှစ်ဖက်ကို ဆွဲဖြုတ်ပါတော့သည်။
"ဟဲ့ရောင် ညီစေသော်၊ မင်း ဒါ ဘာလုပ်တာလဲ၊ နောက်ဆုတ်စမ်း၊ ငါ့ယောကျာ်း လန့်နေပြီ၊ မမြင်ဘူးလား!!"
"ဆောရီး Daniel၊ ကိုကို ဝမ်းသာဇောနဲ့ လောသွားတယ်၊ မလန့်နဲ့နော်"
"နေစမ်းပါဦး၊ မင်း ငါ့ယောကျာ်းကို ဘာလို့ Danielလို့ ခေါ်နေတာလဲ၊ မင်းက ဘယ်သူလဲ"
"ငါက.."
ရှင်းခန့်ညား တွေးမိတဲ့ ဖြစ်နိုင်ချေက နှစ်ခုတည်း။ ဒီကောင် ဒီလောက်ထိ ဝမ်းသာနေပုံကိုထောက်ရင် ညီအစ်ကိုအရင်းဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ညီအစ်ကိုလို ခင်ရတဲ့ ညီအစ်ကိုပဲ။ ပထမတစ်ခုဆို ရှင်းခန့်ညားအတွက် စိတ်ရှုပ်စရာများပေမဲ့ ဒုတိယတစ်ခုသာဆို ဒဲအတွက် အန္တရာယ်များနိုင်သည်။ စိတ်အရှုပ်ခံပြီး ပထမတစ်ခုသာ ဖြစ်လိုက်မယ် လို့ဆုတောင်းရင်း တစ်နေတဲ့ ညီစေသော်ရဲ့ ပါးစပ်ကို စေ့စေ့ကြည့်လိုက်သည်။
"ငါက.. Danielကို ငယ်ငယ်တုန်းက စောင့်ရှောက်ခဲ့တာ၊ အစ်ကိုရင်းလို့ ပြောရင် မမှားဘူး"
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...