(Unicode)
"မင်း ဘာဖြစ်ချင်နေတာလဲ ရှင်းခန့်ညားမောင်"
"စိန်ခေါ်တာကွာ၊ မိုက်ရင်ချမလား"
"ဆောရီး၊ ငါက ငပေါအလုပ်တွေ မလုပ်ဘူး"
ညီစေသော်..။ ရှင်းခန့်ညားရဲ့ တစ်ဦးတည်းသော ကမ္ဘာ့ရန်ဘက်။ ငယ်စဉ်အရွယ် အလယ်တန်းကျောင်းသားဘဝမှာ ရှင်းခန့်ညား အချစ်ဦးကို စတင်တွေ့ရှိခဲ့သည်။ အချစ်ဦးမို့ အသေရူးခဲ့ပါသော်လည်း အချစ်ဦးမှာ အချစ်ဦးရှိနေသည်။ ညီစေသော်၊ အေခန်းထဲက အဆင့်တစ်ကောင်။ ဘက်စုံထူးချွန်သလို မျက်နှာကလည်း ပွင့်သေးသည်။ အချစ်ဦးက ညီစေသော်ကြောင့် ရှင်းခန့်ညားရဲ့ အချစ်ကို ငြင်းခဲ့သည်။ အသည်းကွဲကာ ပတ်ရမ်းတော့လည်း ညီစေသော်ရဲ့ ထောင့်မကျိုးတဲ့ တုံ့ပြန်မှုတွေကြောင့် ရှင်းခန့်ညား အခုချိန်ထိ အမုန်းကြီးမုန်းနေဆဲ။
"မတွေ့တာကြာပြီ ရှင်းခန့်ညားမောင်"
"အင်း ဘာကိစ္စရှိလို့လဲ"
"ဘွားဘွား လတ်မှတ်လိုလို့ လာယူတာ"
ပြောဖို့မေ့နေတာ။ ဒီကောင်က ရှင်းဖောင်ဒေးရှင်းမှာ သူ့လက်နဲ့သူ့ခြေ။ အရည်အချင်းရှိရင် ချီးမြှောက်တတ်တဲ့ ဘွားအေကြောင့် ရှင်းခန့်ညား ဒီကောင်ရှိတဲ့ ဖောင်ဒေရှင်းကို အရိပ်တောင် မနင်း။ ကိုယ်တပမ်းရှုံးခဲ့တဲ့ အတိတ်ကိုလည်း ပြန်မတွေးချင်ဘူးလေ။ အခုတော့ ညီစေသော်က ရှင်းခန့်ညား ရှေ့တည့်တည့်မှာ ရှင်းခန့်ညားရဲ့ အမျိုးသားနဲ့ ဟီးဟီးဟားဟား လုပ်ပြနေပြီ။ ဒါမျိုးကို ဘယ်လိုမှ လက်မခံနိုင်။
"ကိုကိုက ဆေးသွားဝယ်နာကို ပူတူးက ဘာလို့ အောက်ဆင်းနာလဲ၊ အနာရင်းပြီး ဖျားရင် ကိုကို ရင်ကျိုးမှာပေါ့"
"ကို.. ကိုရှင်းခန့်ညား"
မနက်က ကိစ္စကြောင့်များ ဦးနှောက်ထဲ ပိုးရောက်သွားလေသလား။ မိသားစုရှေ့မှာတောင် တော်ရုံဆို မပိုတော့တဲ့လူက အခု စကားတောင် သိပ်မပီချင်။ ဒဲ တရေးအနိုးမှာ ရှင်းခန့်ညားကို မတွေ့လို့သာ အောက်ဆင်းလာခြင်းဖြစ်သည်။ ဒီနေ့ ရုံးမသွားဟု မမက ပြောသွားတာမို့ ခြံထဲဆင်းရှာတော့ ဧည့်သည်နဲ့ တည့်တိုးသည်။
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...