(Unicode)
"တောက် မင်း အသုံးမကျတာ ရှင်းခန့်ညား!"
ရှင်းဖောင်ဒေးရှင်းထဲမှ မောင်းထွက်လာသော ကားတစ်စီး။ ရှင်းခန့်ညား တစ်ယောက် ကားမောင်းရင်း ကိုယ့်ကိုကိုယ် အပြစ်ဖို့နေသည်။ ကိုယ်မပိုင်တဲ့ ကောင်လေးရဲ့ အပြုံးတွေ။ အကုန်လုံးက ရှင်းခန့်ညား မကောင်းခဲ့လို့ ဖြစ်လာခဲ့ရတာ။
~Bailame como si fuera la última vez~
~Y enséñame ese pasito que no sé~
ကားမောင်းရင်း တဖက်၊ စိတ်ရှုပ်နေရင်း တဖက်နဲ့မို့ ဖုန်းကို ချပစ်ဖို့ စိတ်ကူးလိုက်ပါသေးသည်။ မျက်လုံးကို ပြူးသွားစေတာက ခေါ်နေသူက ဦးရန်လင်းဖြစ်နေသည်။ ဒဲ အဖေရဲ့ သူငယ်ချင်း အဝေးရောက် ဓာတ်ပုံဆရာ။ ရှင်းခန့်ညား ချက်ချင်းပဲ...
"ဟယ်လို!"
"ဒါ Daniel ရဲ့ ဖုန်းလားမသိဘူး"
"ဟုတ်ပါတယ် ဦးလေး၊ ကျွန်တော်က Daniel ရဲ့ အမျိုးသားပါ၊ ကျွန်တော်တို့ ဦးလေးကို ဒီဖုန်းနံပါတ် ပေးခဲ့တာပါ"
"ဟေ အမျိုးသား၊ ဪ ဪ.. ဒါနဲ့ ငါ့တူတို့က ဘယ်မှာလဲ"
"ကျွန်တော်တို့က ရန်ကုန်မှာပါ၊ ဦးလေးက အမျိုးသားရဲ့အမေနဲ့ တွေ့ခဲ့တယ်ဆိုလို့ ကျွန်တော်တို့ မေးမြန်းချင်လို့ပါ"
"အေး ဦးလေးလည်း သိသိချင်း ဆက်လိုက်တာပဲ၊ ရေချယ်နဲ့ အဆက်အသွယ်ရှိတယ်"
ရှင်းခန့်ညား လမ်းဘေးမှာ ကားထိုးရပ်လိုက်သည်။ တုန်လာတဲ့ရင်ဘတ်ကို ထိန်းချုပ်ဖို့ နှုတ်ခမ်းဖျားကို မသိစိတ်က ကိုက်ထားမိသည်။ ဦးရန်ရှင်းက ဆက်ပြောလာသည်။
"ငါ့တူ သွားတွေ့နိုင်မလား၊ ဦးလေး ရေချယ့်ကို ဆက်သွယ်ထားတယ်၊ ကံကောင်းချင်တော့ သူ မြန်မာပြည် ပြန်ရောက်နေတယ်၊ သူ့သားနဲ့ တွေ့ချင်တယ်လို့ ပြောတယ်"
"မြန်မာပြည်.. ဒါဆို"
"ဒေါ်ရေချယ်က ဆွတ်ဇာလန်မှာနေတာလေ၊ နောက်အိမ်ထောင်ကျပြီး ဟိုမှာ အခြေချနေတာ ကြာပြီ၊ နောက်အမျိုးသားက ကျောက်မျက်ရတနာ လုပ်ငန်းလုပ်တာ ဆိုလား၊ ဆွတ်ဇာလန်မှာ နာမည်ကြီးတယ်"
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...