(Unicode)
'ရှင်းခန့်ညားမောင်' ဆိုသူဟာ နောက်ခံတောင့်တင်းလွန်းတဲ့ ရှင်းအုပ်စုက သားအလတ်ပါ။ မိသားစု သဘောမကျတဲ့ အကပညာရပ်ကို ရူးသွပ်တဲ့အပြင် 'Right'ဆိုတဲ့ နာမည်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပါတယ်။ အရာရာမှာ ပြည့်စုံပေမဲ့ အချစ်ရေးမှာ ကံခေပြီး တွဲသမျှ ကောင်မလေးတိုင်းရဲ့ အဆက်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
အနုပညာလောက ကနေ အနားမယူခင် ပင်လယ်ဘက်က မိတ်လုံကျွန်းပေါ်ကို We Are Challengers ရသစုံ ခရီးသွား အစီအစဉ်တစ်ခု သွားရောက်ရိုက်ကူးခဲ့ပါတယ်။ ရိုက်ကူးရေးမှာ ပါဝင်ရင်း ဒါးရမ်းမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်တဲ့ 'ဒဲ' ဆိုတဲ့ ကောင်လေးနဲ့ ရင်းနှီးလာပါတယ်။
တစ်နေ့ မြို့မှာ ကျန်ရစ်ခဲ့တဲ့ ရည်းစားဖြစ်သူကို ဖုန်းခေါ်ရင်း ကောင်မလေးရဲ့ သစ်စိမ်းချိုးချိုးခြင်းကို ခံလိုက်ရပြီး...
မခံချင်စိတ်ကြောင့် ကျွန်းသားလေး 'ဒဲ'ကို ချစ်သူသစ် အဖြစ် မိတ်ဆက်ပေးမိတဲ့နောက်မှာတော့...
We Are Challengers အစီအစဉ် ဆက်မရိုက်ဖြစ်ဘဲ ပြန်လာခဲ့ရတဲ့ အကြောင်းနောက်ကွယ်မှာ ဘယ်သူတွေရှိနေမလဲ။ ပျောက်ဆုံးနေတဲ့ မိဘနှစ်ပါးကို ရှာဖွေဖို့အတွက် 'ရှင်းခန့်ညားမောင်' ရှိရာ ရန်ကုန်မြို့ကို တက်လာတဲ့ 'ဒဲ' ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ။ အချုပ်ချယ်ခံ ဘဝကနေ လွတ်လပ်မှုကို ရှာဖွေဖို့ 'ရှင်းခန့်ညားမောင်' မိသားစုကို ဘယ်လိုတွေရင်ဆိုင်မလဲ။
ပေါရာဏ အဘိဓာန်မှာ 'ဆွေမောင်နည်း' ကို 'ချစ်မြတ်နိုးသောယောကျာ်း' အဓိပ္မာယ်ဖွင့်ဆိုထားပါတယ်။ ဘယ်သူက ဘယ်သူ့ရဲ့ ချစ်သောယောကျာ်းဖြစ်လာမလဲဆိုတာကို Nini_Melanieရဲ့ 'မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း' စိတ်ကူးယဉ် ဝတ္ထုမှာ နေ့စဉ် ဖတ်ရှုခံစားနိုင်ပါပြီ..။
(A/N : ဆွေမောင်နည်းကို စကိုင်မယ့်သူများအတွက် ဇာတ်ကောင်တွေကို ပိုပြီးရင်းနှီးချင်ရင် Life - U = 0 မှာ သွားရှုစားလို့ရပါတယ်ရှင်❤)
(Zawgyi)
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...