//3//

2.5K 165 10
                                    

//3//

သီတင်းကျွတ်လပြည့်နေ့ နံနက်၇နာရီလောက်တွင် ဖြစ်၏။လုလင်ပျို၊ချမ်းအေး၊သုတနှင့်ဇွဲကိုတို့သည် မုန့်ဖက်ထုပ်များကို ကြွတ်ကြွတ်အိတ်အကြီးစား နှစ်ခုထဲ မျှထည့်လိုက်ပြီးနောက် ရွာဦးဘုန်းကြီးကျောင်းသို့ ဆိုင်ကယ်ဖြင့်သယ်သွားကြသည်။လုလင်၏အမေနှင့် ဦးလေးတို့က နောက်မှဆွမ်းချိုင့်နှင့် လမ်းလျှောက်လာမည်ဖြစ်သည်။၇နာရီကျော်သာ ရှိသေးသော်လည်း ဘုန်းကြီးကျောင်းတွင်လူအနည်းငယ်ရောက်ရှိနေပြီးဖြစ်၏။ရွာမြောက်ပိုင်းမှ ကြီးတင်တို့အဖွဲ့က ရွှေရင်အေးတိုက်မည်ဖြစ်သည့်အတွက် စားပွဲခုံဝိုင်းကြီး လေးဝိုင်းနှင့် ပြင်ဆင်ထားပြီးဖြစ်သည်။ကြီးတင်သည် လုလင်ပျိုတို့ကိုတွေ့လျှင် ချက်ချင်းပြောလာ၏။
''သား လုလင်တို့ပစ္စည်းတွေချပြီးရင် လူရှင်းတုံးလေးဝင်စားထားကြကွဲ့''

''ဟုတ် ကြီးတင်''
လုလင်ပျိုတို့သည် ရှက်ကြောက်နေခြင်းမရှိပါ။မုန့်ဖက်ထုပ်အိတ်၂ခုကို ထောင့်တစ်နေရာတွင်ကပ်ထားလိုက်ပြီးနောက် ရွှေရင်အေး ဝင်သောက်လိုက်သည်။ဘုန်းကြီးကျောင်းတွင် ကျွေးသည့်ဟာကိုစားရသည်ကလည်း အပျော်တစ်မျိုးပင်။ထို့နောက် ကော်ပန်းကန်ပြားအထပ်လိုက်ကိုယူလိုက်သည်။ အချိုပွဲကပ်ဖို့ရန်အတွက် ဖယ်ထားလိုက်ပြီးနောက် ပန်းကန်ပြားများထဲ  မုန့်ဖက်ထုပ်များထည့်ကာ သူ့အစုနှင့်သူထိုင်နေကြသော လူများထံလိုက်လံချပေးလိုက်သည်။ ရွှေရင်အေးကျွေးနေကာ လုပ်အားပေးနေကြသော ကြီးတင်တို့အဖွဲ့အတွက်လည်းမမေ့။
''ကြီးတင် ဒီမှာ မုန့်ဖက်ထုပ်! အိမ်ကကျွေးတာ အားပေးအုံးနော်!''

''စားမှာစိတ်ချ သားရေ!''

မကြာမီ လုလင်ပျို၏အမေ ဒေါ်ဇာနွယ်ရောက်လာ၏။ဦးမှိုင်းတို့ပါ အတူပါလာသည်။ဦးမှိုင်းသည် အခါကြီးရက်ကြီးများတွင် ဥပုသ်စောင့်နေကြဖြစ်၍မထူးဆန်း ။အပိုပါလာသည်က သူ၏နှလုံးသားကိုခိုးသွားခဲ့သည့် သူ၏Crushကြီး သောမြတ်ထည်ဝါ ဆိုသည့်လူသာ။ သူ့ကိုတွေ့သည်နှင့် ပြုံးပြလာသည်က တရားလွန်။
''ညီ လုလင် ကိုယ်ဘာကူလုပ်ပေးရမလဲ?''

လုလင်ပျိုသည် ရည်မွန်စွာပြုံးပြလိုက်ရင်း
''ရပါတယ်ဗျ ကျွန်တော်က ကိုသောမြတ်ထည်ဝါ မပါလောက်ဘူးထင်ထားတာ!''

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now