//13//

995 72 0
                                    

//13//

ခမ်းနားလှသော စံအိမ်ကြီးအတွင်းသို့ ကားတစ်စီးမောင်းဝင်လာ၏။ ဆင်ဝင်အောက်ရောက်သည့်အချိန်တွင် ကားရပ်သွားပြီး တည်ကြည်ခံ့ညားသည့် အမျိုးသားတစ်ယောက် ကားပေါ်မှ ဆင်းလာသည်။ထိုလူက သောမြတ်ထည်ဝါ ပါပေ။

ဒေါ်နှင်းဆီထည်ဝါ သည် ကားသံကြောင့် အိမ်ထဲထွက်လာရင်း သားတော်မောင်ကို ကြိုဆိုလိုက်သည်။
''လာ သားကြီး! သားကြီးပြန်လာမယ်ဆိုလို့ သားအကြိုက်တွေ ချက်ထားပြီးစောင့်နေတာ! အသားတောင် ပိုညိုသွားသလိုပါလား?''

သောမြတ်ထည်ဝါသည် ပြုံးလိုက်ရင်း
''အဟွန့် အမေရယ် ဒီပုံစံအတိုင်းပါပဲ! ဘာမှမပြောင်းလဲပါဘူး! အဖေရော အိမ်မှာလား?''

''အင်း မင်းအဖေ စာကြည့်ခန်းထဲမှာရှိပါ့ မင်းလာမယ်ဆိုလို့ စောင့်နေတာနေမှာ! မင်းအဖွားရော မျှော်နေတာလေ! ခုလေးတင်မှ ဘုရားရှိခိုးမလို့ဆိုပြီး ဘုရားခန်းထဲသွားတာ!''

သောမြတ်ထည်ဝါ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
''ဟုတ် အမေ ဒါဆို ကျွန်တော်အဖေ့ဆီအရင်သွားလိုက်မယ်နော်!''

ဒေါ်နှင်းဆီ သည် သားဖြစ်သူ၏ လက်ကိုဆွဲလိုက်ရင်း
''နေပါအုံးသားရဲ့ ခရီးဝေး ကားမောင်းလာရတဲ့ဟာ ပင်ပန်းနေမှာပေါ့! အနားယူလိုက်အုံးလေ!''

''ရပါတယ် အမေရဲ့ ဒီတိုင်း စကား ခဏ ပြောရုံလေး! ပြီးတာနဲ့ ရေသွားချိုးမယ် နော် အမေ!''

''အေးအေး! အမေ ထမင်းပွဲ ပြင်ထားလိုက်မယ်''

သောမြတ်ထည်ဝါသည် အိမ်ထဲသို့လှမ်းဝင်ပြီးနောက် စာကြည့်ခန်းရှိရာဘက်ဆီ လျှောက်သွားပြီး တံခါးခေါက်လိုက်ရင်း အသံပြုလိုက်သည်။
''ဒေါက်..ဒေါက်...ဒေါက်''
''အဖေ ကျွန်တော်ပါ သောမြတ်ထည်ဝါ! ဝင်ခဲ့မယ်နော်!''

''ဝင်ခဲ့လေ!''

အသက် 50 ကျော်ဟု မထင်ရအောင် အရွယ်တင်နုပျိုနေဆဲ ဦးရတုလင်းမာန် သည် စာအုပ်တစ်အုပ်ကို ဖတ်ရှုနေ၏ ။ ဖခင်ဖြစ်သူတို့ အသိုင်းအဝိုင်းသည် သာမန်ထက် အနည်းငယ်ပိုသည် ဆိုယုံလေးသာ။  ''မာန် ကုမ္ပဏီ'' သည် ဖခင်ဖြစ်သူကိုယ်တိုင် အောက်ခြေမှ ကြိုးစားပမ်းစားတည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်သည် ။ ထိုသို့သော အရည်အချင်းများကြောင့်လဲ အဖွားက ဖခင်ဖြစ်သူကို အလွန်ကြည်ဖြူနေခြင်းဖြစ်သည်။ သောမြတ်ထည်ဝါသည် ဖခင်ဖြစ်သူကို အလွန်လေးစားသည်။

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now