//28//Epilogue U

2.3K 68 6
                                    

//28//

မိသားစု စုံလင်စွာ ဧည့်ခန်းတွင်ထိုင်လျက် ထွေရာလေးပါးပြောနေစဥ် ရုတ်တရက် ဦးမှိုင်းလွင်က ထပြောလာ၏။
''အမေ ကျွန်တော် တနဂ်နွေနေ့လောက် ပြန်တော့မယ်!''

လုလင်ပျိုနှင့် စကားများဖောင်ဖွဲ့ကာ ပြုံးရယ်နေသော ဒေါ်ထိပ်ထားစံ၏မျက်ဝန်းတို့ မှိုင်းသွားတော့သည်။နှစ်အတန်ကြာမှ ပြန်တွေ့ရသည့်သားကို ပြန်မခွဲရလောက်တော့ဟု ထင်နေခဲ့သည်ဖြစ်သော်လည်း ထွက်သွားတော့မည့်စကား ဆိုလာသူကိုလည်း မတားဆီဝံ့။အပြစ်ကျူးလွန်ထားမိသည်များက များပြားလွန်းသည်မို့။ခက်ခက်ခဲခဲ ပြောလိုက်သည်။
''သား....မှိုင်းလွင်.....ဒါကလဲ သားအိမ်လေ သားဒီမှာမနေဘူးလား?''

သူ့အမေ၏ အတွေးများကို မှိုင်းလွင် ရိပ်မိပါသော်လည်း သူဒီမြို့တွင် မနေချင်သည်မှာအသေအချာပင်။ သတ္တိကြောင်တယ်ပဲဆိုဆို တစ်ချိန်ကအငွေ့အသက်တို့ရှိရာတွင် မနေထိုင်ချင်မိသည်က အမှန်တရား။
''နေသားမကျလို့ပါ အမေ! ကျွန်တော် မကြာမကြာလာတွေ့ပါ့မယ်! ဒါမှမဟုတ်လဲ စိတ်ပြေလက်ပျောက်ဖြစ်အောင် ကျွန်တော်နဲ့လိုက်ခဲ့ပါလား?''

ဒေါ်ထိပ်ထားစံ မချိပြုံးပြုံးလိုက်မိတော့သည်။သားဖြစ်သူ၏ ရင်မှဒဏ်ရာတို့ကို သူဘယ်လိုကုစားပေးရမှန်း မသိတော့။အနည်းငယ် အားတင်းပြုံးလိုက်ရင်းပြောလိုက်သည်။
''သားမှိုင်းလွင်က မင်းတူတွေ လက်ထပ်ပွဲ ပြီးတဲ့အထိတောင် မနေတော့ဘူးလား?မင်းတူတွေမဂ်လာပွဲမှာ မင်းမရှိလို့ဖြစ်ပါ့မလား?''

ဒေါ်ထိပ်ထားစံ၏ ရုတ်တရက်စကားကြောင့် မိသားစုဝင်အကုန် ကြောင်အသွားကာ အာမေဋိတ်သံကိုယ်စီဖြစ်သွားတော့သည်။
''အမေ!!'' ''အဖွား....''

သောမြတ် ကြောင်ကြောင်အအဖြင့် မေးလိုက်မိတော့သည်။
''ကျွန်တော် နားကြားမှားတာ မဟုတ်ဘူးမလား? အဖွား!''

ဒေါ်ထိပ်ထားစံသည် ကြည်သာစွာပြုံးလိုက်ရင်း
''ဟုတ်ပါသတဲ့ရှင်! ကလေးဆိုးကြီးတွေ ဒီအဖွားကို သိမ်သွင်းနေမှတော့ ဒီအဖွားက ဘယ်ကြာကြာတင်းခံနိုင်တော့မလဲ? အသက်တွေလဲ ကြီးပြီ! အဖွားလဲ စိတ်အေးအေးချမ်းချမ်း နေချင်ပြီကွယ်!''

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now