//4//

2.1K 135 2
                                    

//4//

[ဒင်]

Telegram မှ Messageဝင်သံကြောင့် လုလင်ပျိုဖုန်းကိုယူကြည့်လိုက်သည်။
[ကိုယ်ပြောထားတာ စဥ်းစားပြီးသွားပြီလား ညီ! အဖြေပြန်ပေးလို့ရပြီလားဟင်]

fuck!
မနေ့ညက အသစ်စက်စက်ရည်းစားစကားပြောသွားတဲ့ ငါ့Crushကြီးပဲ~ငါ့ဖုန်းနံပါတ်ဘယ်လိုရတာပါလိမ့်?

တဒုန်းဒုန်းခုန်နေသော ရင်ကိုအသာထိန်းရင်း လုလင်ပျို စာပြန်လိုက်သည်။
[မနေ့ညက မှအဖြေတောင်းထားတာမဟုတ်လား?]

[တစ်ရက်တောင်ကြာပြီလေကွာ]

[24နာရီတောင် မပြည့်သေးဘူး ကိုသောမြတ်ထည်ဝါ တကယ်ထဲ စောင့်နိုင်ပါတယ်ဆိုတာက မိုးလင်းတာနဲ့ အဖြေတောင်းဖို့လားဗျ]

[ကိုယ်က ညီနဲ့အမြန်နီးချင်ပြီဗျ တတ်နိုင်သမျှမြန်မြန်စဥ်းစားပေးနော် ချစ်တယ်ညီ]

[.......]

အစက်တွေသာ ပြန်ပို့လာသော Messageကို ကြည့်ရင်း သောမြတ်ထည်ဝါ ရယ်လိုက်မိသည်။

ညီ့ရဲ့မျက်ဝန်းထဲမှာလဲ ကိုယ်နဲ့ထပ်တူကျနေတဲ့အရိပ်တွေ တွေ့နေရသားနဲ့ ဘာတွေများတွန့်ဆုတ်နေရတာလဲကွယ်_ရပါတယ် ညီကကြိုက်သလောက်အချိန်ယူစဥ်းစားပါ နေ့တိုင်းအဖြေတောင်းဖို့က ကိုယ့်တာဝန်ထား....

မနက်စောစော 'ချစ်တယ်'ဆိုသော Messageကြောင့် တစ်နေ့လုံး အလွဲလွဲချော်ချော် ဖြစ်နေခဲ့ပါသော လုလင်ပျိုသာ သောမြတ်ထည်ဝါ မြင်နိုင်ခဲ့လျှင်.......

ဒုတိယမြောက်နေ့.......
အချိန်မှန် [Morning ညီ] ဆိုသော Messageကဝင်လာသည်။

[ဒီနေ့ရော စဥ်းစားပြီးပြီလားဗျ ကိုယ့်နှလုံးသားလေးညှိုးငယ်နေပြီကွယ် အဖြေပြန်ပေးပါတော့]

messageကို ကြည့်ရင်း လုလင်ပျို မဲ့လိုက်မိသည်။အဖြေပြန်ပေးချင်တာ တစ်ပိုင်းသေလို့ အစ်ကိုရဲ့။သို့ပေမဲ့ နှလုံးသားဟာ နုနယ်လွန်းတာမို့ အပျော်သက်သက်ဆို ခံနိုင်ရည်မရှိလောက်ဘူးအစ်ကို။ ဒါ့ကြောင့်မို့လို့ အချိန်ယူနေတာပါ။

[ဒီမယ် မသိရင် သုံးနှစ်သုံးမိုး စောင့်နေရတဲ့လေသံနဲ့ ခုမှ နှစ်ရက်ပဲရှိသေးတယ်ဗျ]

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now