//20//
အလုပ်သွားရန်အတွက် သောမြတ်ထည်ဝါ အောက်ထပ်သို့ ဆင်းလာချိန်တွင် တွေ့လိုက်ရသောသူကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။
ဧည့်ခန်းထဲ၌ အဖွားဖြစ်သူနှင့် ရတီမျက်ခြယ်သည် ရယ်ရယ်မောမော စကားပြောနေကြ၏။သောမြတ်ထည်ဝါ မသိချင်ယောင်ဆောင်ကာ ရှေ့ဆက်လျှောက်ရန် ပြင်လိုက်သည်တွင် အဖွားဖြစ်သူက လှမ်းခေါ်လာသည်။
''မြေး...ဒီကိုခဏလာပါအုံး...''သောမြတ်ထည်ဝါသည် တခဏတုံ့ဆိုင်းသွားပြီးမှ သက်ပြင်းချ၍ လျှောက်သွားလိုက်သည်။သူဆိုဖာတွင် ဝင်ထိုက်လိုက်လျှင် အဖွားဖြစ်သူက အအေးသွား ဖျော်အုံးမည်ဆိုကာ ထွက်သွား၏။သူတို့ကို တမင်သက်သက် ထာသွားမှန်းသောမြတ်သိပါ၏။
သောမြတ်အရင် စပြောလိုက်သည်။
''ဓာတ်ပုံတွေက မင်းလက်ချက်မလား? အဲ့လိုလုပ်တော့ ဘာတွေအကျိုးထူးသွားမယ် ထင်လို့လဲ?''သောမြတ်ထည်ဝါဆီမှ စကားကြောင့် ရတီမျက်ခြယ်သည် နှုတ်ခမ်းတွန့်ကွေးယုံပြုံးလိုက်သည်။
သိပ်ထူးတာပေါ့~
''ဟုတ်တယ်...ဘာထူးလဲဆိုတော့ ငါတို့အခု စေ့စပ်ရတော့မယ်လေ''သောမြတ်ထည်ဝါ မျက်နှာထား တည်တည်နှင့်ပြောလိုက်သည်။
''ငါက အဲ့လိုအဖြစ်ခံမယ်ထင်လား? နောက်ဆုံးအနေနှင့် သူငယ်ချင်းသံယောဇဥ်ကိုထောက်ပြီး အခွင့်အရေးထပ်ပေးမယ်! စေ့စပ်ပွဲကို မင်းဘက်ကငြင်းလိုက်! ဒါဆို မင်းဘက်မှာ သိက္ခာကျစရာအကြောင်းမရှိတော့ဘူး''ရတီမျက်ခြယ် အပြုံးနှင့်သာ ပြောလိုက်သည်။
''ဟင့်အင်း ဘာလို့ငြင်းရမှာလဲ? ဒါက ငါ့ရဲ့နောက်ဆုံးသော အသက်ကယ်ရာကောက်ရိုးမျှင်လေ! ရူးနေလို့ငါက လက်လွတ်ဆုံးရှုံးခံရမှာလား?''''ကောင်းပြီ ဒါဆိုလဲ...''
မှုန်ကုပ်သွားသည့် သောမြတ်၏ပုံစံကို ကြည့်ရင်း ရတီမျက်ခြယ် ရင်ထဲနာလာသော်လည်း အပြုံးမျက်နှာကိုသာ ဆက်ထိန်းထားလိုက်သည်။
''အဟက်...ငါ့ကို လာခြိမ်းခြောက်မနေဘဲ နင်သာ စေ့စပ်ပွဲကိုဘယ်လိုဖြေရှင်းမလဲ စဥ်းစားစမ်းပါ! ဦးလေးရော အဖွားရော ငါ့ဘက်ကလေ! အချစ်သူရဲကောင်းကြီးတွေ ဘယ်လိုဖြေရှင်းမလဲ အရမ်ကိုသိချင်နေပြီ! ဒါမှမဟုတ် ဒဏ္ဍာရီထဲက အချစ်သူရဲကောင်းကြီးတွေပဲ ဖြစ်သွားမလားဆိုတာတော့ ဘယ်သူကြိုသိမလဲနော်!''
![](https://img.wattpad.com/cover/301232472-288-k331530.jpg)
YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomanceOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...