//11//
''ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်''
ခြေတံရှည်ရှည် ကိုယ်လုံးခပ်သွယ်သွယ်နှင့် မော်ဒယ်တစ်ယောက်အလား ချောမောသည့် မိန်းမပျိုတစ်ဦးသည် မာန်ပါပါလမ်းလျှောက်ထွက်လာသည့်အချိန်တော်တော်များများ အကြည့်မလွှဲနိုင်ကြ။သူ(မ)၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်မျက်နှာထားက စွဲမက်ဖွယ်။
ထိုအမျိုးသမီး လေဆိပ်အဝတွင် ရပ်လိုက်ပြီးမကြာမီ တန်ဖိုးကြီးအနက်ရောင် ကားတစ်စီး သူ(မ)ရှေ့ ထိုးစိုက်လာသည်။သူ(မ)သည် ကားထဲဝင်ထိုင်လိုက်ပြီးနောက် ဖုန်းကိုထုတ်ကာ စွဲမက်ဖွယ်အပြုံးတစ်ပွင့်ပြုံးလိုက်ပြီး နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။
''ငါ ပြန်လာပြီ သောမြတ်! ဒီတစ်ခါတော့ ငါ ရှောင်ပြေးမနေတော့ဘဲ ငါ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံတော့မယ်!''သောမြတ်ထည်ဝါသည် ရုံးခန်းထဲ ထိုင်ကာ စာရွက်စာတမ်းများနှင့် ကုမ္ပဏီ၏ တိုးတက်မှုဇယားကိုကြည့်နေစဥ် သူ၏ဖုန်း vibrate ဖြစ်လာသည်။သောမြတ်ထည်ဝါ မသိသောဖုန်းနံပါတ်ဖြစ်သော်လည်း အလုပ်အတွက်ဆက်သွယ်သူများ ဖြစ်နေမလားဆိုသည့်အတွေးနှင့် ကိုင်လိုက်သည်။
''Hello သောမြတ်ထည်ဝါပါ''တစ်ဖက်လူက ဘာတစ်ခွန်းမှမပြောလာသဖြင့် သောမြတ်ထည်ဝါ မျက်မှောင်ကြုံ့လိုက်ရင်း ပြောလိုက်သည်။
''ဖုန်းမှားတာလားမသိဘူး ဒါဆိုချလိုက်တော့မယ်!''ထိုခဏ ရင်းနှီးနေသောအသံကနားထဲဝင်လာသည်။
''Surprise!! ငါ ပြန်လာပြီ သောမြတ်!''သောမြတ်ထည်ဝါ အံ့အားသင့်တကြီးရေရွတ်လိုက်မိသည်။
''ရတီမျက်ခြယ်''တစ်ဖက်မှ ခပ်မြူးမြူးအသံက နားထဲဝင်လာသည်။
''Bingo! ယို့ မှတ်မိနေပါလား ငါ့သူငယ်ချင်းကြီးက!ငါက မေ့သွားပြီထင်တာ!''သောမြတ်ထည်ဝါ ရယ်ရင်းပြောလိုက်သည်။
''ညစ်ပတ်အိုးသူငယ်ချင်းမ တစ်ယောက်ရှိတာ မေ့စရာလား''''ဟဲ့ နင်နော် ငယ်ကျိုးငယ်နာဖော်စရာလား!''
ရတီမျက်ခြယ် သည် သောမြတ်ထည်ဝါ တို့နှင့်ခြံချင်းကပ်လျက်စံအိမ်မှ ဖြစ်သည်။''မျက်ခြယ်'' စံအိမ်သည် စီးပွားရေးလာကတွင် နေရာတစ်ခုခိုင်ခိုင်မာမာရပ်တည်ပြီးသား စံအိမ်တစ်ခုဖြစ်သည်။နာမည်နှင့်လိုက်အောင် ကျောက်မျက်ရတနာ ကိုအဓိကထား လုပ်ကိုင်ကြသည်။
![](https://img.wattpad.com/cover/301232472-288-k331530.jpg)
YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomanceOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...