//25//
ပြတင်းပေါက်မှ ဝင်ရောက်လာသော နံနက်ခင်းနေရောင်ခြည်သည် ကုတင်ထက်ဝယ် အိပ်မောကျနေသောလူသား၏ မျက်ခုံးတန်းတို့ကို တွန့်ချိုးသွားစေ၏။နေရောင်စူးစူးကြောင့် လုလင်ပျိုသည် မျက်ခုံးတန်းတို့ကို တွန့်ချိုးလိုက်ရင်း မျက်ဝန်းလွှာတို့ကို တဖြည်းဖြည်း ဖွင့်ဟလိုက်သည်။မျက်လုံးဖွင့်ပြီးသည်နှင့် ကုတင်ဘေး စားပွဲခုံပေါ်မှ နာရီဆီအကြည့်ရောက်မိလျှင် နာရီလက်တံက 8နာရီတိတိကိုညွှန်ပြနေ၏။
အဲ့လောက်တောင်နောက်ကျနေပြီလား?
လုလင်ပျိုတွေးလိုက်ရင်း ထလိုက်သည်အခါ ခါး မျက်ခနဲဖြစ်သွားပြီး ညည်းညူသံသဲ့သဲ့ပြုမိသွားတော့သည်။ညဘက်ဆီမှ ပုံရိပ်တို့က စိတ်ထဲ မဖိတ်ခေါ်ဘဲဝင်လာပြီး လုလင်ပျို၏ နားရွက်ဖျားတို့ကိုနီစွေးသွားစေ၏။
'ပြောတော့ မိုးလားကဲလား~တစ်သက်လုံး ဥပုသ်စောင့်တော့မလို ဘာလိုလိုနဲ့! ပြီးတော့ သူပဲ နွားသိုးကြိုးပျက် ထိန်းမနိုင်သိမ်းမရနဲ့ အစ်ကိုကတော့!''သို့ပေမဲ့ အစ်ကိုဟာ သူ့ကို အများကြီး ညင်သာထားကြောင်း သူသိပါသည်။ပထမဆုံးအကြိမ်ဖြစ်သည့်တိုင် သူသာယာခဲ့ပါ၏။ချစ်ရသူအတွက်သာဆို ဘယ်သူမဆို ငြိုငြင်ရက်မည်နည်း။ယခုလဲ အစ်ကိုသူ့ကို သေချာ ဂရုစိုက်ပေးထားပုံရသည်။ခါးအနည်းငယ် မသက်မသာဖြစ်နေသည်မှလွဲလျှင် နာကျင်သည့်နေရာမရှိ။
ထိုစဥ်မှာပင် သောမြတ်ထည်ဝါသည် ပန်းကန်လုံးတစ်ခုကိုကိုင်၍ ဝင်လာ၏။သူနိုးနေသည်ကိုမြင်လျှင် မျက်နှာလေးငယ်ကျသွားသည်မှာ ငိုချတော့မလို။ပန်းကန်ကို စားပွဲခုံပေါ်တင်ကာ ကုတင်ပေါ်ဘေးတစောင်းဝင်ထိုင်ရင်း ပြောလာ၏။
''ညီ နိုးနေပြီလား? မသက်မသာဖြစ်တဲ့နေရာရှိလား? ကိုယ့်ကိုပြောနော်!ကိုယ် တောင်းပန်ပါတယ်ကွာ! ကိုယ် ညီ့ကို နာကျင်အောင်လုပ်ခဲ့မိတယ်! ကိုယ်ညက နည်းနည်းစိတ်လွတ်သွားတယ်....ဘာပဲဖြစ်ဖြစ်... ကိုယ် ကိုယ်တောင်းပန်ပါတယ်!''လုလင်ပျိုသည် သက်ပြင်းချလိုက်ရင်း သောမြတ်၏ ဆံပင်တို့ကို အသာဖွပေးလိုက်သည်။
''အစ်ကို ကျွန်တော့်ကိုကြည့်! အစ်ကို တောင်းပန်စရာမလိုပါဘူး! အင်း ပထမဆုံးအကြိမ်ဆိုတော့ အစပိုင်းနာကျင်ရတယ်ဆိုပေမဲ့ ကျွန်တော်လဲ သာယာခဲ့ပါတယ် အစ်ကိုရဲ့! အစ်ကိုသိလား? ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော် အစ်ကို့ကို အပြစ်သေးသေးလေးတောင် မမြင်မိဘူး! ကျွန်တော် သိလိုက်ရတာလေ အစ်ကိုပေးလာတဲ့ နာကျင်မှုတွေကိုတောင် ကျွန်တော်သဘောကျတယ်! အင်း ပေးအပ်လာတဲ့သူက အစ်ကိုဖြစ်နေသရွေ့ပေါ့!''
YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomansaOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...