//6//
မနက်စောစော ၏ နေရောင်ခြည်နုနုက ကြည်နူးနွေးထွေးဖွယ်ရာအတိ။ခြံထဲမှ ကျေးငှက်တို့၏ ကျီကျီကျာကျာမြည်ကျွေးသံက စိတ်ကိုပို၍ကြည်လင်လန်းဆန်းစေသည်။ခြံထဲတိုး၍ တိုက်ခတ်လာသော လေပြည်ညှင်းတို့က လတ်ဆတ်မှုတို့အတိ။ နိုးလာပြီး မျက်နှာသစ်သွားတိုက်ပြီးသည်နှင့် လုလင်ပျိုပထမဆုံး လုပ်သည့်အလုပ်ကား ချစ်ရသူထံသို့ ဖုန်းဆက်ခြင်းပင်။
''မောနင်း အစ်ကို နိုးပြီလား''တစ်ဖက်မှ အိပ်ရာထကာစဖြစ်ဟန်တူသည့် ခပ်အက်အက်အသံက လုလင်ပျိုနားထဲဝင်လာသည်။
''မောနင်း ညီ! ကိုယ် ညက အလုပ်တွေလုပ်နေတာနဲ့ ညဥ့်နက်သွားလို့! ညီဆီက ဖုန်းဝင်မှ နိုးတဲ့အဖြစ်ပဲ!''လုလင်ပျို ပျာပျာသလဲ မေးလိုက်မိသည်။
''ကျွန်တော် အစ်ကို့ကိုနှိုးမိသလို ဖြစ်သွားတာလား?''''မဟုတ်တာ....... မဟုတ်တာ ကိုယ်လဲ နှိုးစက်ပေးထားတယ် ခဏဆိုထတော့မှာ!''
''ဟိုလေ အစ်ကို ကျွန်တော်အရေးကြီးပြောစရာရှိလို့''
''ဘာများလဲ ညီရဲ့''
''ကျွန်တော်တို့ကြိုက်နေတယ်ဆိုတာ ကိုကြီးသိသွားပြီ!''
''အာ ယောက်ဖကြီးသိသွားပြီလား? အဟက် ကိုယ်က ဒိ့ထက်စောစော ရိပ်မိမယ်တောင် ထင်ထားတာ! အဲ့တော့ ဘာတဲ့လဲ?ညီ့ကို ဆူသေးလား?''
''ဟင့်အင်း....ကျွန်တော့်ကို နားလည်ပေးတယ်! ကျွန်တော်လေ တကယ်ကိုဝမ်းသာနေတာသိလား?''
''တော်သေးတာပေါ့! ညီ့ကို ဆူလိုက်လို့ ညီခံနိုင်ရည်မရှိမှာ ကိုယ်စိတ်ပူနေတာ! အခုမှ အစပဲရှိသေးတာညီ အားမွေးထား! နောက်ဆို မိဘတွေပါ ဖွင့်ပြောရမှာ!''
''ဟုတ် ကျွန်တော် သေချာအားမွေးထားပါတယ်ဗျ! အချိန်တစ်ခုရောက်ရင် အစ်ကို့လက်ကိုဆွဲပြီး အမေ့ကို 'အမေ ဒါအမေ့သမက်လေ' လို့မိတ်ဆက်ပေးမယ်!''
''ဟုတ်ပါပြီ! အဲ့အချိန်ကိုစောင့်နေပါ့မယ်နော်! ဒါနဲ့ ကိုယ်တို့ ဒီနေ့ Dateလုပ်ကြမလား?''
''လုပ်မယ် လုပ်မယ်!တွဲပြီးထဲက သေချာ ချိန်းမတွေ့ရသေးဘူး!ဘယ်သွားမလဲ?''
YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomanceOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...