//15//

1.1K 69 2
                                    

//15//

သောမြတ်ထည်ဝါတို့ ထွက်သွားသည်အခါမှ ဇွဲကိုသည် သုတကို အတင်းဆွဲထားသည်အား လွှတ်ပေးလိုက်သည်။သုတသည် ဇွဲကို လက်မှလွတ်လွတ်ခြင်းပင် လုလင်ပျိုနား အပြေးသွားလိုက်သည်။ ပျို၏ ပခုံးကို အတင်းကိုင်လှုပ်လိုက်ရင်း မေးလိုက်သည်။
''ပျို....သောမြတ်ထည်ဝါက ဘာသဘောလဲ? ဘာလို့ အမျိုးသမီးတစ်ယောက်နဲ့ တွဲသွားတွဲလာလုပ်ရတာလဲ? ခုနထဲက လာဖြဲမလို့! ဒီကောင် ဇွဲကိုပေါ့ ငါ့ကိုအတင်းဆွဲထားတာ!''

ဇွဲကို သည် အေးအေးသက်သာလျှောက်လာရင်း သုတ၏ ပခုံးကိုအသာပုတ်၍ပြောလိုက်သည်။
''ဒီကိစ္စက ဂဃနဏမသိဘဲ အပြင်လူဝင်ပါလို့ မကောင်းဘူးလေ သုတရာ!''

လုလင်ပျိုသည် သုတကို ပြုံးပြလိုက်ရင်း လေသံအေးလေးနှင့် ပြောလိုက်သည်။ထစ်ခနဲ ရှိစိတ်တိုတတ်သည့် သုတအကျင့်ကို အသိဆုံးမို့။
''မိတ်ဆွေတွေပါကွာ! စိတ်လျှော့သုတ စိတ်လျှော့!''

သုတ ထိုစကားကြောင့် စိတ်မအေးသည့်အပြင် ပို၍ဒေါသထွက်သွားသည်။
''ဘာကိုမိတ်ဆွေတွေလဲ ငါလို အချစ်အကြောင်း မသိသေးတဲ့လူတောင် သူ့မျက်လုံးတွေက မရိုးသားမှန်း အတိုင်းသားတွေ့နေရတဲ့ဟာ! မိတ်ဆွေတွေလောက်ဆို ငါကပြောမလားဟ!''

လုလင်ပျို သက်ပြင်းချလိုက်ရင်း
''ငါလဲ တွေ့ပါတယ်!ဒါပေမဲ့ အစ်ကို့ဘက်က လုံးဝရိုးသားတယ်လေ!...ဒါတွေထားပါ ခုနပြောတော့ ဗိုက်ဆာနေပြီဆို ဆိုင်ထဲအမြန်ဝင်ရအောင်!''

သုတ ဆံပင်ကို ထိုးဖွလိုက်ရင်း မချင့်မရဲ ပြောလိုက်သည်။
''ပျို စကားလမ်းကြောင်းမလွှဲနဲ့ကွာ....''

ဇွဲကိုသည် သုတ၏ပခုံးလေးကို နှစ်သိမ့်သည့်သဘော အသာပုတ်လိုက်ရင်း
''သုတ ဒါသူတို့ချစ်သူကြားက ပြဿနာလေကွာ! သူတို့ဘာသာ ဖြေရှင်းပါစေ!''

သုတသည် ဇွဲကို ကိုမျက်စောင်းထိုးလိုက်ရင်း
''အေး ငါကပဲ ကြားထဲကလူဆိုးကြီးဖြစ်လို့! တော်ပြီ ဘာမှမပြောတော့ဘူး!''

ထို့နောက် စိတ်ဆိုးမာန်ဆိုးနှင့် ဆိုင်ထဲဝင်သွားတော့သည်။လုလင်ပျိုသည် ပြုံးလျက်သာ ဆိုင်ထဲဝင်လိုက်သည်။

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now