//24//
''ဟာ....... သုတရာ အဲ့လောက်လိုမယ်မထင်ပါဘူး!''
လုလင်ပျိုတစ်ယောက် သူ့ရှေ့မှ skincare products အစုံအလင်ကို ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်။သုတတစ်ယောက် သူ့ပစ္စည်းအစုံအလင်ကို မချလာကာ သူတို့ကို စိတ်ကြိုက်ပုံသွင်းနေခြင်း။လုလင်ပျိုနှင့်သောမြတ်၏ မျက်နှာထက် maskကိုယ်စီ ကပ်လျက်။မျက်နှာသစ်ဆေးလောက် ၊ဆောင်းတွင်းနှုတ်ခမ်းကွဲတဲ့အခါ lip balmလောက်သုံးပေမဲ့ ဒီလောက်ကြီးကတော့.....
သုတက ခါးထောက်လျက်ပြောလာပြီး တစ်ဆက်ထဲmaskကိုခွာရန် ပြင်နေသည့် သောမြတ်ထည်ဝါကိုအော်လိုက်သည်။
''ဘာလို့မလိုရမှာလဲ? ဓာတ်ပုံထဲမှာလဲ ကြည့်ကောင်းနေမှ ဖြစ်မှာပေါ့! ....ကိုသောမြတ် မခွာပစ်နဲ့အုံးလေ!!ဟျောင့်ပျို မင်းလဲ ငြိမ်ငြိမ်နေ! မင်းတို့ဆိုသည်မှာလဲ!''ဘေးနားရှိ ဇွဲကိုက ဗရုတ်သုတ်ခ အခြေအနေကိုကြည့်ပြီး တခွီးခွီးဖြစ်နေသည်။
''သုတ ငါပြောလို့ပြောတာမဟုတ်ဘူး သိလား! မင်းရဲ့အခုပုံစံကလေ အလှဖန်တီးရှင်မာမီကြီးပုံစံနဲ့ တထေရာထဲသိလား!!''သုတသည် ဇွဲကို၏စကားကြောင့် ဒေါခီးသွားတော့သည်။
''ဒီ***ကတော့! ! အေး မင်းရဲ့မဲသဲနေတဲ့ ပုံကြီး ဓာတ်ပုံထဲမှာ ပုံဆိုးပန်းဆိုးဖြစ်နေမှ သုတရယ် ငါမှားပါတယ်လို့ လာမလုပ်နဲ့! သုတတို့က ဆောတီးပဲ!''ဇွဲကိုလဲ မချိုမချဥ်အပြုံး ပြုံးလိုက်ရင်း သုတ၏ပခုံးထက် လက်တင်လိုက်သည်။
''Oh~မဲတာမဟုတ်ဘူး ယောကျာ်းပီသတာလို့ခေါ်တယ်! Handsome လေ! ဒါတွေကို ဂျပုလေးက နားလည်မယ်မထင်ပါဘူး!''သုတသည် လက်ကိုဆတ်ခနဲ ဆွဲဖယ်လိုက်ရင်း
''ဟျောင့်ဇွဲကို မိုက်လား ချမလားပြော!''လုလင်ပျို ကြိတ်ရယ်လိုက်ပြီးမှ ပြောလိုက်သည်။
''တော်ကြပါတော့ကွာ!အာရုံဆွမ်းကပ်မှာဆိုတော့ မကြာခင် ဘုန်ကြီးကြွလာတော့မှာ! မင်းရဲ့Maskကြီးလဲ တော်ပြီ ငါခွာလိုက်တော့မယ်!''''နေအုံး ပျို!! cream လိမ်းလိုက်အုံး!! ကိုသောမြတ်ရော!''
''မလိုလောက်......''
''လိမ်းဆိုလိမ်းဗျာ! တကယ်ထဲ!''
အပြာဖျော့ရောင် တိုက်ပုံ၊ ခရမ်းနုနှင့်အပြာရောစပ်ထားသည့် ပုဆိုး၊မဂ်လာဝတ်စုံသည်သူတို့နှစ်ယောက်လုံးသဘောကျသည့်အရောင်ကို သုံးထားခြင်းဖြစ်၏။မဂ်လာဝတ်စုံရရချင်း လုလင်ပျို စိတ်တိုင်းကြလိုက်တာမှ မပြောနှင့်။
![](https://img.wattpad.com/cover/301232472-288-k331530.jpg)
YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
Любовные романыOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...