//27//
လုလင်ပျိုတို့ သည် မနက်စောစောထ၍ အစ်ကို့အိမ်သို့ဦးတည်ခဲ့သည်။ အိမ်ထဲသို့ ရောက်လျှင် ဒေါ်နှင်းဆီက ချက်ချင်း အပြေးကြိုလာ၏။
''သားတို့ရောက်လာပြီပဲ လာလာ မောင်မှိုင်းလဲ ပါတာတာကိုး!''ဦးမှိုင်းလွင်သည် ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း
''ကျွန်တော် လာခဲ့မယ်လို့ပြောခဲ့သားပဲ! အမေနေမကောင်းဖြစ်နေတာဥစ္စာ သားတစ်ယောက်အနေနဲ့ လာရမှာပေါ့ အစ်မရာ..ဒါနဲ့ အမေရော ခုဘယ်လိုနေသေးလဲ...?''ဒေါ်နှင်းဆီသည် မူပိုင်အပြုံးနှင့် ပြောလိုက်သည်။
''ဆေးသောက်ပြီး မှိန်းနေတယ် ပြီးမှသွားတွေ့လေ ခုတော့ နားလိုက်အုံး! မောင်မှိုင်းကတော့ မင်းအရင်နေတဲ့အခန်းပဲ အမြဲသန့်ရှင်းရေးလုပ်ထားတယ်!''''ရပါတယ် မပင်ပန်းပါဘူး အစ်မ! ခုပဲ သွားကြည့်လိုက်မယ်! အရင် အခန်းပဲမဟုတ်လား?''
ပြောပြောဆိုဆို အပေါ်ထပ်သို့ လှမ်းတက်သွားသည့် ဦးမှိုင်းကြောင့် လုလင်ပျိုတို့လည်း နောက်မှလိုက်တက်သွားလိုက်သည်။အပေါ်ထပ်၏ ခေါင်းရင်ဘက်ထောင့်စွန်းခန်းအရောက် တံခါးကို ခပ်သာသာဖွင့်၍သာ ဝင်လိုက်သည်။ဦးမှိုင်းလွင်သည် ကုတင်ပေါ်ရှိ အိပ်မောကျနေသည့် အမေဖြစ်သူကို ကြည့်ရင်း သက်မောတစ်ချက်ချလိုက်သည်။
အမေဟာ ဘယ်တုန်းက ဒီလောက်ပိန်သွားရတာလဲ?သူ့စိတ်ထဲ စွဲထင်နေတဲ့ မိခင်ဖြစ်သူရဲ့ပုံရိပ်ဟာ မာနတလူလူနဲ့ မျက်နှာကို မော်ချီနေတဲ့အမျိုးသမီး ၊အခု့သူ့ရှေ့က အမျိုးသမီးကတော့ ဇရာ၏အရိပ် သိသာစွာထင်နေလေပြီ။မှိုင်းလွင် သက်ပြင်းချရင်း ရေရွတ်လိုက်မိသည်။
''အိပ်ပျော်နေတာပဲ!...''''အင်း ဆေးအရှိန်ကြောင့်နေမယ်!''
''အဖွား တော်တော့်ကိုပိန်သွားတာပဲ!''
''စိတ်ထောင်း ကိုယ်ကြေပေါ့သားရယ် စိတ်ဆိုတာအရေးကြီးဆုံး မဟုတ်လား? ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ တစ်ထပ်ထဲမကျတဲ့အခါ ခံနိုင်ရည်အားမရှိတော့ ရောဂါတွေ ဝင်လာတော့တာပေါ့!''
လုလင်ပျိုသည် အစ်ကို့လက်ကို ဆုပ်ကိုင်ရင်းအိပ်မောကျနေသည့် အစ်ကို့အဖွားဖြစ်သူကိုသာ ငေးမောကြည့်နေမိသည်။ဇရာရိပ်ကြောင့် အနည်းငယ်ဖျော့တော့နေသည်တိုင် ထည်ဝါသည့် အမျိုးသမီးတစ်ယောက်၏ဂုဏ်ကို လှစ်ဟပြနေဆဲ။ထိုစဥ် အစ်ကို့အမေက လေသံတိုးတိုးနှင့် မိတ်ဆက်ပေးလာ၏။
''သားပျို ဒါ မင်းအစ်ကိုရဲ့အဖွားဒေါ်ထိပ်ထားစံတဲ့! ခုတော့သားအဖွားလဲဟုတ်တယ်!''
YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomansOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...