//5//
[မောနင်း ညီ! ကိုယ်ရွာထိပ်ကစောင့်နေမယ်]
[ဟမ်?]
[ကိုယ် လေးလေးအိမ်ကို ပြောင်းနေလိုက်တာလေ!ညီနဲ့ မနက်ဆိုအလုပ်တူတူသွားချင်လို့]
[အင်း ကျွန်တော်ထွက်လာပြီ]
[ဒါနဲ့ ချစ်တယ်နော် ညီ]
[ကျွန်တော်လဲ ချစ်တယ်]
လုလင်ပျိုသည် ပြုံးလျက်သားနှင့် မက်ဆေ့ပြန်ပို့လိုက်ပြီးနောက် ဆိုင်ကယ်မောင်း၍ ထွက်ခဲ့လိုက်သည်။ရွာထိပ်သို့ရောက်လျှင် ဆိုင်ကယ်ကိုမှီလျက် စောင့်နေသော အစ်ကို့ကိုတွေ့လိုက်ရသည်။သူ့ကိုတွေ့လျှင် အစ်ကိုသည် ဆိုင်ကယ်ပေါ်ပြန်တက်ပြီး စက်နှိုးလိုက်သည်။လုလင်ပျိုသည် အစ်ကို့ဘေးဆိုင်ကယ်ကိုအရှိန်လျှော့လိုက်ရင်းပြောလိုက်သည်။
''အစောကြီးဖြစ်နေမှာပေါ့ အစ်ကိုက ''သောမြတ်ထည်ဝါ ပြုံးလိုက်ရင်းပြန်ပြောလိုက်သည်။
''ရပါတယ် ညီနဲ့တူတူအလုပ်သွားရဖို့ပဲဟာ''''ဒါနဲ့ အစ်ကိုကဆိုင်ကယ်မောင်းတတ်တယ်ပေါ့ ! ''
''ဒါပေါ့ ညီရဲ့!ဒီမှာက ကားနဲ့သွားဖို့ကသိပ်အဆင်မပြေဘူးလေ!ဆိုင်ကယ်က အဆင်အပြေဆုံးပဲ!ဒါနဲ့ကိုယ်လဲ ဆိုင်ကယ်စီးသင်လိုက်တာ! သင်တုံးက မှောက်ပြီး ဒူးပြဲသွားသေးတယ်!''
''ဟားဟား ဟုတ်တယ်အစ်ကိုရေ ဆိုင်ကယ်ကလေ မှောက်ပြီးမှ တတ်တာသိလား!''
မြို့သို့မရောက်မီ ကားလမ်းဝဲယာတွင် လယ်ကွင်းများသာရှိသည်ဖြစ်၍ မနက်ခင်းလေက လတ်ဆတ်လွန်းလှသည်။လေတဖြူးဖြူးထဲ ဆိုင်ကယ်မောင်းရင်း ချစ်သူလေးနှင့်တီတီတာတာ ဖွဲ့ရသည့်အရသာကား ဘယ်အရာနှင့်မှ တုနှိုင်းမမီလောက်။
''ဟော အစ်ကို ဘာတွေတွေးပြီး ပြုံးဖြီးနေတာလဲ?ဆိုင်ကယ်မောင်းနေတာနော်!တော်ကြာ အတွေးလွန်သွားပြီး ဆိုင်ကယ်မှောက်နေမှ ဒုက္ခ!!'သောမြတ်ထည်ဝါ ရှက်ရယ်ရယ်လိုက်သည်။
''ညီ့ကို ချစ်တဲ့အကြောင်းတွေ တွေးနေတာ''''အစ်ကိုကလေ စကားသိပ်တတ်တာပဲ သိလား?တကယ်ကြီး ရည်းစားတစ်ယောက်မှ မထားခဲ့ဖူးတာ သေချာလား? ဝါရင့် ကျွမ်းကျင်အဆင့်ကြီးနော်!''

YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomanceOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...