//23//U

1K 59 11
                                    

//23//

မဂ်လာရက်နီးကပ်လာသည့်နည်းတူ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် လုလင်ပျိုတို့၏ မဂ်လာသတင်းက တစ်ရွာလုံးပျံ့နှံ့သွား၏။အချို့လူအနည်းငယ်မှလွဲလျှင် ကဲ့ရဲ့ပြစ်တင်စကားတော့ မကြားရ။ သို့တည်းမဟုတ် နောက်ကွယ်တွင် ပြောသည်လားတော့ လုလင်ပျိုလည်း မပြောတတ်။ကဲ့ရဲ့သတင်း ဆိုသူမရှိ၍ လုလင်ပျို အနည်းငယ်တော့ စိတ်အေးမိသည်။ကြောက်စိတ်ဝင်မိခြင်း မဟုတ်သော်လည်း ပတ်ဝန်းကျင်စကားဆိုသည်ကလဲ အပူတစ်မျိုးပင် ဟုတ်လား။

အလှူအိမ်၊မဂ်လာအိမ်တို့ကို ဆွေမျိုးနီးစပ်သူတို့ နှင့် ကာလ သား/သမီး တို့က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသော မြန်မာလူမျိုးတို့၏ ထုံးစံအတိုင်း ဝိုင်းဝန်းလုပ်ကိုင်ပေးကြမည့် ဒေါ်ကြီးတင်တို့အဖွဲ့ ရောက်နေပြီးဖြစ်၏။မနက်ဖြန်ဆို သူနှင့်အစ်ကိုတို့မဂ်လာဆောင်ရတော့မည်။အကျွေးအမွေးအနေနှင့် ပွဲကြီးနေ့တွင် ဒန်ပေါက်ကျွေးမည် ဖြစ်သော်လည်း ယနေ့အကြိုနေ့ လာရောက်ကြသည့် ဧည့်သည်များအတွက်နှင့် မနက်ဘုန်း​ကြီးဆွမ်းကပ်ရန်အတွက် ချက်ပြုတ် ကြရမည်ဖြစ်သည်။

ငံပြာရည်ချက် ချက်ရန် ကြီးတင်တို့အဖွဲ့သည် ကြက်သွန်နွှာသူကနွှာ၊ လှီးသူကလှီး အလုပ်ရှုပ်နေကြ၏။လုလင်ပျိုလည်း အနည်းငယ် အားလပ်နေသည်မို့(အစ်ကိုက ထောင့်ပေါင်းစုံစေ့အောင် စီစဥ်ပေးသဖြင့်) ဓားတစ်ချောင်းဆွဲကာ ဝိုင်းကူရန်ပြင်လိုက်သည်။ထိုအခါကြီးတင်က ပျာပျာသလဲပြောလာ၏။
''အမလေး သတို့သားလောင်းက နားနားနေနေ နေပါတော်! ကြီးတင်တို့ လုပ်လိုက်ပါ့မယ်! ''

လုလင်ပျိုသည် ကြီးတင်၏ဘေး ဝင်ထိုင်လိုက်ရင်း
''ဟီး ကြီးတင်ကလဲ အများကြီးကူမှာဟုတ်ပါဘူး!ဝင်ရှူပ်တာ!!''

ဒေါ်ကြီးတင်သည် သူ့ဘေး အသာတိုးကာ လေသံတိုးတိုးဖြင့် ပြောလာသည်။
''ဦးမှိုင်းရဲ့တူနဲ့ ယူတော့မယ်ဆိုပြီး သတင်းကြားတော့ ကြီးတင်ဖြင့် လန့်သွားတာ! ခုကြတော့ စိတ်ထဲ တစ်မျိုးကြီးဖြစ်နေပေမဲ့ လိုက်တော့လိုက်ဖက်သား! ဒါ.... ဒါနဲ့လေ ကြီးတင် မေးတာကို စိတ်မဆိုးနဲ့နော်...ကြီးတင်သိချင်လို့! ဟိုလေ ယောကျာ်းချင်း  ယူတာဆိုတော့ အ...အခြောက်လားဟင်!''

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now