//22//Z

455 12 0
                                    

//22//

''ဒါနဲ့ပဲ မင်းက ကိုသောမြတ်ကို ခိုးလာတယ်ပေါ့!!!''

သုတ၏ အလန့်တကြား အော်သံက Violetဆိုင်လေးအတွင်း ပျံ့နှံသွား၏။လုလင်ပျိုသည် ရှက်ရယ်ရယ်လိုက်ရင်း
''ယောက္ခထီးကြီးဆီကနေ တောင်းလာတာပါကွာ~မင်းကလဲ?''

သုတသည် လုလင်ပျိုကို ကြည့်ရင်း ဇက်ပိုးအုပ်လိုက်ချင်စိတ်က တဖွားဖွား။ဘေးနားက လူကြီးကို ငဲ့နေ၍သာ။
''အဲ့တော့ ခုဘာဆက်လုပ်မလဲ?''

''ငါလဲ ဘာဆက်လုပ်ရင်ကောင်းမလဲ တိုင်ပင်မလို့ မင်းတို့ဆီလာတာပဲ!''

''ဟ ဘာလုပ်ရမှာလဲ!! မင်းက လူကိုတောင်ခိုးလာပြီးသွားပြီလေ''

သောမြတ် ကြားထဲမှ အနေခက်ကာ ချောင်းဟန့်ရင်ဝင်ပြောလိုက်သည်။ သုတ ပါးစပ်ထဲရောက်မှပဲ သူလဲ .......
''အဟမ်း..... ကိုယ်တစ်ခုလောက် ပြောလို့ရမလား? ခိုးလာတာပဲ မဟုတ်ဘူး! တောင်းလာတာလဲ မဟုတ်ဘူး! ကိုယ့်သဘောနဲ့ကိုယ် လိုက်လာတာပါကွာ~''

ဘယ်လိုလုပ်ရမလဲ~ ဘယ်လိုလုပ်ရင်ကောင်းမလဲ?
လုလင်ပျိုသည် မျက်မှောင်ကြီးကြုံကာ တခဏတိတ်ဆိတ်နေပြီးမှ ခုံကို လက်ဝါးနှင့်ရိုက်ချလိုက်ပြီးပြောလာ၏။
''ဒီအခြေအနေရောက်မှတော့ မထူးတော့ဘူး အစ်ကို! ကျွန်တော့်အိမ်ကိုသာ လိုက်ခဲ့တော့!''

သောမြတ် ရုတ်တရက် ​ကြောင်အသွား၏။ဘဝတည်ထောင်ဖို့ ရည်ရွယ်ချက်နှင့် ထွက်လာခဲ့သည် မှန်သော်လည်း ယခုက ကသိုက်ကရိုက် ဖြစ်မနေဘူးလား?
''ဟမ်..ကိုယ့်အိမ်ကိုယ် ပြန်နေလို့ရတာပဲ ညီရဲ့! မနက်မှ လေးလေးနဲ့ အတူလာပြီး မဂ်လာကိစ္စ ဆွေးနွေးကြမယ်လေ! ဒီတိုင်းဆိုရင် ညီက ကိုယ့်ကို မိဘအိမ်ကို ခိုးပြေးသလို ဖြစ်သွားမှာပေါ့!''

''ခုအခြေအနေကရော ခိုးပြေးတာမဟုတ်လို့လား အစ်ကိုရဲ့! တိတ်! ကျွန်တော့်စကားနားထောင်!''

ချစ်လွန်းတော့လဲ သောမြတ်ထည်ဝါသည် ''တစ်ခွန်းဆို တစ်ခွန်း'' ခေါင်းညိတ်လိုက်ရပါတော့၏။ ချစ်လွန်းလို့ စကားနားထောင်တာပါ ~မင်းတို့ အထင်မလွဲကြပါနဲ့!

လုလင်ပျိုသည် အစ်ကို့လက်ကို တင်းတင်းဆုပ်၍ အိမ်ပေါ်သို့တက်လိုက်သည်။ဧည့်ခန်းထဲ တံ​မြက်စည်းလှဲနေသော ဒေါ်ဇာနွယ်သည် လုလင်ပျိုတို့ကိုတွေ့လျှင် ပြောလာ၏။
''ဟယ်သား ဒီနေ့ အလုပ်ဆင်းတာ စောလှချည်လား? သား သောမြတ်ကော ပါလာတာလား လာလာ!''

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now