//10//

1.3K 70 0
                                    

//10//

လုလင်ပျိုသည် ဟင်းပန်းကန်လေးကိုင်လျက် ဦးမှိုင်းတို့အိမ်ထွက်ခဲ့သည်။တစ်အိမ်သာ ခြားသည်မို့ ခဏလေးနှင့်ရောက်သည်။ချစ်ရသူ အစ်ကိုကလည်း ထိုအိမ်တွင်သာနေသည်မှာ သူတို့ချစ်သူဖြစ်စ ထဲကပင်။ တံခါးဖွင့်ထားမှန်းသိသော်လည်း လုလင်ပျိုတို့က အကျင့်ပါနေသည့်အတိုင်း အော်ခေါ်လိုက်ရမှ....

''ဦးမှိုင်းရေ...ဦးမှိုင်း...ဒီမှာ ဟင်းလာပို့တာ...''

​ခြံဝမှ လုလင်ပျို၏ အသံကြောင့် သောမြတ်ထည်ဝါသည် ဧည့်ခန်းတွင်ထိုင်နေရာမှ ထလိုက်ပြီးအသံပြုလိုက်သည်။
''လေးလေး ရေချိုးနေတယ်! လာလေ ညီ!''

သူလဲ တံခါးဝအရောက် ချစ်ရသူလေးလဲ ခြံတံခါးဖွင့်ဝင်ပြီးလို့ အိမ်တံခါးဆီရောက်လာလေပြီ။သောမြတ်ထည်ဝါသည် လုလင်ပျိုကို ရင်ခွင်ထဲ သိမ်းကြုံးဖက်လိုက်ရင်းပြောလိုက်သည်။
''လွမ်းနေတာ ညီ''

လုလင်ပျို ဟင်းပန်းကန်ကို မမှောက်အောင်ထိန်းလိုက်ရင်း ဟိုကြည့်ဒီကြည့်နှင့် ကပျာကယာ ပြောလိုက်သည်။
''အစ်ကို!! အိမ်ဝကြီးမှာ ဖယ်...ဟင်းခွက်မှောက်သွားအုံးမယ်!''

သောမြတ်ထည်ဝါ မဖယ်ဘဲ ပိုတိုး၍ ဖက်လိုက်သည်။
''ဟင့်အင်း လွမ်းလို့ပါဆို''

လုလင်ပျို မျက်စောင်းလေးနှင့်ပြောလိုက်သည်။
''ကဲ အပိုဆာဒါးတွေ စတော့မယ်! နေ့ခင်း​ ​ကလေးတင်တွေ့ထားတာလေ! ဖယ် ဦးမှိုင်းတွေ့သွားဦးမယ်!''

သောမြတ်ထည်ဝါ ပေကပ်ကပ်နှင့်ဆက်ဖက်ထားဆဲ။
''တွေ့သွားတော့ရော ဘာဖြစ်လဲ?! ဖွင့်ပြောလိုက်ယုံပေါ့! ကိုယ်က ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိဘူး! ဖွင့်ပြောဖို့ အချိန်ကောင်းကိုတောင် စောင့်နေတာ!''

''ဟုတ်ပါပြီ အစ်ကိုရယ် ခုလွှတ်တော့ ဟင်းပန်ကန်သွားထားလိုက်ဦးမယ်!''

ထိုအခါမှ သောမြတ်ထည်ဝါ မလွှတ်ချင်လွှတ်ချင်နှင့် လွှတ်ပေးလိုက်သည်။လုလင်ပျိုသည် ဟင်းပန်းကန်ကို ကြောင်အိမ်ထဲထည့်လိုက်ပြီးနောက် ဧည့်ခန်းဘက်ပြန်လျှောက်လာလျှင် သောမြတ်ထည်ဝါက သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလာပြန်၏။ လုလင်ပျို ခပ်တိုးတိုးပြောလိုက်သည်။
''အစ်ကို ဘယ်လိုဖြစ်နေတာလဲ?''

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now