//8//
ပန်းခြံ_ ပန်းခြံ ဆိုသောနေရာကား လူတိုင်းမစိမ်းသည့်နေရာ။ အထူးသဖြင့် အတွဲများအတွက်ပင်။ မြစ်ကမ်းဘေးတွင် ပန်းခြံတည်ထားသဖြင့် မြစ်ကိုဖြတ်၍တိုက်ခတ်လာသောလေပြည်လေညှင်းတို့က သာယာဖွယ်။ထိုအချိန်တွင် ချစ်ရသူ၏စကားချိုချိုလေးများပါ ထပ်ပေါင်းလိုက်သည့်အခါ သာယာမှုကကောင်းကင်သို့ရောက်နေသလို။
ဟိုးအရင်က အတွဲတွေ ဘာ့ကြောင့် ပန်းခြံကိုတကူးတက သွားချိန်းတွေ့ရလဲ လုလင်ပျိုသိချင်စိတ်ဖြစ်မိခဲ့သည်။
အင်းးးကိုယ်တိုင်ရည်းစားရှိတော့ သူသိသွားပြီ။သွားချိန်တွေ့သင့်တဲ့နေရာထဲမှာ ပန်ခြံကထိပ်ဆုံးကပဲ! ဒီလောက်အေးချမ်းတိတ်ဆိတ်တဲ့အပြင် ကြည်နူးဖို့ကောင်းသည်ကိုးးး ချစ်သူရည်စားရှိသူသာများသာ နားလည်မည့်ခံစားချက်ပင် ။
ရင်ခွင်ထဲ တိတ်နေသော ချစ်ရသူလေးကြောင့် သောမြတ်ထည်ဝါ သည် ခေါင်းလေးကို ပွတ်လိုက်ရင်း ပြောလိုက်သည်။
''ညီ မနက်ဖြန် ကိုယ့်ရဲ့ရုံးကို လိုက်ခဲ့မလား?''လုလင်ပျိုသည် ပြုံးလိုက်ရင်း ခေါင်းခါလိုက်သည်။
''ဗျာ...နေပါစေအစ်ကိုရဲ့ အစ်ကို့ကို အနှောက်အယှက်ဖြစ်မယ်!''သောမြတ်ထည်ဝါသည် ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။
''ညီ လိုက်ချင်မယ်ထင်ထားတာ! ချစ်သူတွေဖြစ်လာပြီးရင် ကိုယ့်ချစ်သူက ဘာအလုပ်လုပ်လဲ? ဘယ်မှာလဲ? အလုပ်မှာရော ဘယ်လိုလဲ သိချင်ကြမယ်လို့ ကိုယ်ထင်နေတာ! ဒါနဲ့ ယောကျ်ားတွေက တစ်ခုခုကိုအာရုံစိုက်နေတဲ့အချိန်ဆို ကြည့်အကောင်းဆုံးပဲတဲ့!ညီ တကယ်မလိုက်ချင်တာ သေချာလား?''လုလင်ပျိုသည် မနိုင်ဘူးဆိုသော သဘောလေးနှင့် ခေါင်းအသာယမ်းလိုက်သည်။
''အစ်ကိုဟာလေ ကိုယ့်ငါးချဥ်ကိုယ်ချဥ်နေပြန်ပြီ! အစ်ကိုက မာန်ဆောက်လုပ်ရေး ကုမ္ပဏီခွဲက မန်နေဂျာချုပ်ဆိုတာ အစ်ကိုပြောပြထားလို့ကျွန်တော်သိပြီးသားကို! အစ်ကိုဟာ ဘယ်လိုလူမျိုးလဲဆိုတာကိုတော့ ညီ့ဘာသာဖြည်းဖြည်းချင်း အကဲခတ်ရမှာပေါ့! ကျန်တဲ့မိသားစု အခြေအနေဘာညာကြ အစ်ကိုစိတ်အဆင်သင့်ဖြစ်တဲ့အချိန် ပြောပြမှာပဲလေ မဟုတ်ဘူးလား?''
YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomanceOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...