//14//
လုလင်ပျို အစ်ကို့ကို လွမ်းနေသည်။ သူကိုယ်တိုင်လဲ အံ့သြမိသည် ။မတွေ့ရတော့မှ ဘယ်လောက်တောင်သတိရနေမှန်း သူ သေချာသိတော့သည်။ဖုန်း ပုံမှန်ပြောဖြစ်သော်လည်း ရင်ထဲဟာတာတာ ။ မှောင်ရိပ်သန်းနေသော ခြံထဲကို ငေးကြည့်ရင်းအတွေးနစ်နေမိသည်။
''ပျိုရေ ငါတို့ဆိုင်အတွက် လိုအပ်တာဝယ်ရအောင် မနက်ဖြန် ရန်ကုန်တက်ကြမယ်!''
ပြန်ဖြေသံမကြားရ၍ သုတ လုလင်ပျိုဘက်လှည့်ကြည့်လိုက်ရာ အတွေးထဲနစ်နေသည်ကို တွေ့လိုက်ရသည်။
''ပျိုရေ...ပျို....ကျစ် ''သုတ၏ ခပ်ဆတ်ဆတ် ခေါ်သံကြားမှ လုလင်ပျိုစိတ်နှင့်ကိုယ်နှင့် ပြန်ကပ်တော့သည်။
''ဟမ် သုတ ဘာပြောလိုက်တာလဲ?''သုတ မဲ့လိုက်ရင်း
''ဆိုင်အတွက် လိုအပ်တာဝယ်ရအောင် မနက်ရန်ကုန်တက်မယ်လို့ ပြောတာ!! မင်းတို့ ခွဲရတာ ဘယ်နှစ်ရက်ရှိသေးလို့လဲ? ခေါ်မကြား အော်မကြား လွမ်းနာ ကျနေလိုက်တာဆိုတာ! rsတွေများ ပိုကိုပိုတယ်!''သုတ ၏အငေါ်တူးချက်ကို လုလင်ပျို ပြုံးသာပြုံးလိုက်ရင်း ခွန်းတုံ့မပြန်မိ ။
rsတွေရဲ့ ခံစားချက်ကို faတစ်ယောက်က ဘယ်နားလည်လေမလဲ? ရှင်းပြလဲ မောယုံရှိမှာပေါ့ ! faတွေ ဉာဏ်မီမဲ့ အရာမဟုတ်ဘူး!စကားလမ်းကြောင်း ပြောင်းရင်း မေးလိုက်သည်။
''Taxi ငှားသွားမှာလား?''သုတသည် ဇွဲကို ဘက် မျက်စပစ်ပြရင်း
''မဟုတ်ဘူး!ထုံးစံအတိုင်း ဇွဲကို လိုက်ပို့မှာပေါ့!''လုလင်ပျိုသည် ဘေးတွင်ထိုင်နေသည့် ဇွဲကို ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။
''ဇွဲကို မင်း အားရောအားလို့လား? မင်း ကုမ္ပဏီကို ဦးစီးနေရတာလေ! ဆိုင်မှာ ငါတို့အဆင်ပြေပါတယ်! တစ်ပတ်တစ်ခါ ပြန်မလာလဲရတယ်!''ဇွဲကိုသည် သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။
''အားပါတယ်ကွ! ဟိုနဲ့ဒီ ဘယ်လောက်မှ ကြာတာမှမဟုတ်တာ! ကုမ္ပဏီက အသေးစားလေးပါကွာ! မိသားစုလုပ်ငန်းသဘောမို့ အဖေနဲ့ငါ တစ်လှည့်စီတာဝန်ယူတာ! ကုမ္ပဏီဆိုတိုင်း အထင်တွေစွတ်မကြီးပါနဲ့အုံး!ထားပါ မနက် 7ခွဲလောက်သွားကြတာပေါ့!''
![](https://img.wattpad.com/cover/301232472-288-k331530.jpg)
YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomanceOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...