Extra
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်။
ခြေတံရှည်တို့နှင့် လိုက်ဖက်စွာ ဝတ်ဆင်ထားသည့် ဂျင်းအရှည်၊ အနက်ရောင်ဂျက်ကတ် ၊ငွေရောင်လက်သွားသည့် ဆွဲကြိုးတစ်ခု၊ မိမိုက်လွန်းသည့်ပုံရိပ်အပြည့်နှင့် အမျိုးသားသည် မျက်နှာတွင်တော့အလိုမကျဟန်နှင့် ဘေးမှလူကို ပြောနေသည်။ထိုလူသည်တော့ တည်ကြည်ရင့်ကျက်ခြင်းတို့ ပြည့်လွှမ်းနေပါသည့် အမျိုးသားတစ်ယောက်၏ ထည်ဝါမှုကို ငွေကိုင်းမျက်မှန်တစ်လက် ကအားဖြည့်ပေးနေသလို။ အနည်းငယ် ပိန်သွယ်သယောင် ခန္ဓာကိုယ်နှင့် အေးချမ်းသည့် မျက်နှာထား။
''အန်ကယ် Sam! ကျွန်တော် ဟိုထဲက ပြောထားပြီးသားလေဗျာ! ကျွန်တော့်အိမ်မှာတည်းပါလို့! အန်ကယ်ပြောတော့ ဒီမှာ ဆွေမျိုးမရှိတော့ဘူးဆို! အန်ကယ့်ကို ခေါ်လာတဲ့ ကျွန်တော်က ဧည့်ဝတ်ကြေရမှာပေါ့!''
''Noel ကိုယ်ပြောချင်တာက ကိုယ် မင်းအိမ်ကို အလုပ်မရှုပ်စေချင်လို့! မင်းဒီကိုပြန်လာမယ်ဆိုတာ အိမ်ကိုပြောမထားဘူးမလား? ဧည့်သည်ပါပါတော့ မကောင်းဘူးလေ!''
''မကောင်းစရာဘာရှိလဲ? အန်ကယ် ကျွန်တော့်ကို ဟိုမှာရှိတဲ့ တလျှောက်လုံး ကူညီပေးထားတာ အများကြီးလေ! အိမ်ကလူတွေ အန်ကယ့်ကိုတွေ့လို့ ဝမ်းသာသွားအုံးမှာ! တော်ပြီဗျာ ကျွန်တော်နဲ့ လိုက်ခဲ့ဆို!''
ပြောပြောဆိုဆို သူ့luggageအိတ်ကို အတင်းဆွဲထွက်သွားသော ကောင်လေးကြောင့် Sam သက်ပြင်းချလိုက်မိကာ ခေါင်းသာရမ်းလိုက်မိတော့သည်။Sam အင်း ဦးဆူးတယော ဟုခေါ်လျှင် လည်း မှန်ပေသည်။သူ ထိုကောင်လေး၏ အိမ်သို့မလိုက်လိုသည့် အကြောင်းရင်းက အကယ်၍ သူ့အတွေးများ အမှန်ဆို ဘယ်လိုလုပ်ရပါ့မလဲ စိုးရွံ့မိသောကြောင့်သာ။ဖြစ်နိုင်ခြေမရှိမှန်း သိနေပါသော်လည်း ဒီကောင်လေးသာ ချစ်ရသူ၏ သွေးသားအမှန်တကယ် ဖြစ်နေမည်ဆိုလျှင်......အတွေးလွန်ခြင်းသာ ဖြစ်ဖို့မျှော်လင့်မိပါသည်။
အချို့သော ရှုထောင့်မှဆိုလျှင် အနည်းငယ် တူညီနေတတ်သည့်မျက်နှာက တိုက်ဆိုင်မှုဟုဆိုလျှင် နာမည်တွင်''ထည်ဝါ''ပါနေခြင်းကရော တိုက်ဆိုင်မှုပေလော။ တိုက်ဆိုင်မှုဟုဆိုဆို မဟုတ်ဟုပဲဆိုဆို ချစ်ရသူ၏အရိပ်ကို ဒီကောင်လေးတွင် တွေ့ခဲ့ရသဖြင့်အစစအရာရာ ကူညီပေးခဲ့မိတာတော့ အမှန်တရား။
![](https://img.wattpad.com/cover/301232472-288-k331530.jpg)
YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomanceOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...