//16//

1K 64 0
                                    

//16//

ညအိပ်မီးရောင် ခပ်မှိန်မှိန်သာ လင်းနေသည့် အိပ်ခန်းတစ်ခုအတွင်း ရတီမျက်ခြယ် သည်မျက်နှာကျက်ကိုငေးစိုက်ကြည့်နေသည်။မျက်ဝန်းထောင့်စွန်းများမှ မျက်ရည်များ တသွင်သွင်စီးကျနေသည့် နည်းတူ စိတ်ထဲ သောမြတ်ထည်ဝါ ပြောခဲ့သောစကားများက အထပ်ထပ် ပဲ့တင်နေ၏။

<<<
ကားမောင်းထွက်ပြီးသည်နှင့် သောမြတ်က မှုန်ကုပ်လျက်ပြောလာသည်။
''ရတီမျက်ခြယ်....မင်းရဲ့ခုနကစကားတွေက ဘာသဘောလဲ?''

ဒီလို လေသံမာမာနှင့် သောမြတ်သူ့ကို ဘယ်တုံးကမှ မပြောဖူး ။ ရင်ထဲ စူးကနဲ ဖြစ်သွားသော်လည်း ဟန်ဆောင်ပြုံးလိုက်ရင်း
''ဘာလဲ သောမြတ်ရဲ့ ငါနားမလည်...''

သောမြတ်ထည်ဝါသည် ရတီမျက်ခြယ်၏ အဖြေကြောင့် ဒေါသထွက်သွားပြီး ကားစတီယာတိုင်ကိုခပ်တင်းတင်း ဆုပ်ကိုင်လိုက်လျက် ကြားဖြတ်ပြောလိုက်သည်m
''မသိချင်ယောင်ဆောင် မနေစမ်းနဲ့ ရတီမျက်ခြယ်!! မင်းဘယ်တုံးကစပြီး ဒီလိုမာယာများတဲ့ မိန်းမဖြစ်သွားတာလဲ? ဟမ်? သူက ငါ့ချစ်သူပါလို့ မိတ်ဆက်ပေးခဲ့ရက်နဲ့....မင်းက အဲ့လိုတွေပြောလိုက်တော့ သူ့ရင်ထဲဘယ်လိုဖြစ်သွားမလဲဲ?''

သြော် သူ့ချစ်သူ သဝန်တိုသွားမှာဆိုးလို့ပေါ့..
အဟက် ရယ်ရတယ်နော်... သူဘက်က ချစ်နေတာကိုထည့်မတွက်ရင်တောင် သူတို့ကသူငယ်ချင်းအရင်းကြီးတွေလေ..ဒီလောက်အထိ ​ပြောဖို့လိုအပ်လို့လား?

''သောမြတ် နင်က အခု သူငယ်ချင်းအရင်းကြီးကို အပြစ်တင်နေတာလား?''

သူငယ်ချင်းက သူငယ်ချင်း ပင်။အမျိုသားနှစ်ဦးကြားက ချစ်ခြင်းဟာ လွယ်ကူသည်မဟုတ်။အတတ်နိုင်ဆုံး အက်ရာ မထင်အောင် ထိန်းသိမ်းရမည်က သူ့တာဝန်ပင်။ တစ်စင်တီမီတာလောက်လွဲတာနဲ့ တံတားပြိုကျသွားတဲ့ ဥပမာတွေ တစ်ပုံကြီးမို့လို့...

''မင်းလုပ်ပုံမှ မဟုတ်တာ! ငါ ရှင်းရှင်းပဲပြောမယ် ရတီမျက်ခြယ်! နောက် ငါ့ကို ဟိုသွားမယ် ဒီသွားမယ်နဲ့ လာမပြောနဲ့တော့! ပြီးတော့ အကွာအဝေးတစ်ခုခြားနေကြမယ် ! ငါ့မှာ ညီရှိနေပြီ! ညီ အထင်လွဲမဲ့ကိစ္စမျိုးကို ငါ သေးသေးတောင် အဖြစ်ခံမှာ မဟုတ်ဘူး!''

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now