//2//
မနက်ဖြန်သည် မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားသော'အဘိဓမ္မာအခါတော်နေ့ 'ဟုခေါ်တွင်ရာ သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ထုံးစံအတိုင်း မနက်ပိုင်းတွင်ဥပုသ်သီလ စောင့်တည်ကြမည် ဖြစ်သည်။ဥပုသ်သည်များကို မုန့်ဖက်ထုပ် ကျွေးရန် ရည်ရွယ်ထားသည်မို့ လုလင်ပျိုတို့အိမ် အလုပ်ရှုပ်နေသည်။လုလင်ပျိုသည် မေမေဇာနွယ် ယခင်ရက်များထဲက ခူးထားသော တောင်စွန်ဖက်များကို လက်သုတ်တစ်ထည်နှင့် တစ်ရွက်ချင်း ဖုန်သုတ်နေသည်။ အစ်ကိုဖြစ်သူ ချမ်းအေး နှင့် ဇွဲကိုတို့က အုန်းသီးခြစ်နေကြသည်။မကြာမီ မုန့်ကြိတ်ထားသည်ကို လာပို့သဖြင့် လုလင်ပျိုသည် ရေစစ်၍မုန့်သားဖြစ်အောင် မုန့်အိတ်ကို ကျောက်ငရုတ်ဆုံတစ်ခုနှင့် ဖိထားလိုက်သည်။
မနက်ပိုင်းတွင် အုန်းသီးခြစ်၍ရလာသည့်ဟာကို ပေါက်ပေါက်ဆုပ်၊သကြားတို့နှင့် ယိုထိုးထားကာ ညနေမုန့်ရေစစ်၍ မုန့်သားဖြစ်သွားချိန်တွင် အုန်းယိုကို အစာသွပ်၍ တောင်စွန်ဖက်နှင့်ထုပ်ကာ ပေါင်းမည်ဖြစ်သည်။လုလင်ပျိုတို့အနေနှင့် ပင်ပန်းသည်ဟု မထင်မိပါ။အခါကြီးရက်ကြီး ဥပုသ်နေ့များတွင် ဤသို့တစ်မျိုးမဟုတ် တစ်မျိုး ပြုလုပ်ကျွေးမွေး၍ ကုသိုလ်ယူနေကြဖြစ်သည်။
ထိုစဥ် ချမ်းအေး၏အသံဆိုးကြီးထွက်ပေါ်လာသည်။
'' ပျို အတွေးနစ်မနေနဲ့ တောင်စွန်ဖက်တွေ သေချာသုတ်ဟ အများကြီး ကျန်သေးတယ် ညနေမမီရင် ဘယ့်နှယ့်လုပ်မလဲ ''ပျို ဟူသောခေါ်သံကြောင့် လုလင်ပျို၏မျက်ထောင့်နီက တန်းခနဲ ချမ်းအေးဆီရောက်သည်။ထိုအခါမှ စပ်ဖြဲဖြဲနှင့် '' လုလင် လို့ခေါ်တာ ညီလေးကလဲ ''
'' သုတ်နေတာပဲလေ ကိုကြီးသာ ကိုယ့်ဘာသာ အုန်းသီးခြစ်စမ်းပါ အများကြီးကျန်သေးတာကို သူများကို သြဇာသီးရောင်းမနေနဲ့ ကျွန်တော်က ခဏဆိုပြီးမှာ ''
ထိုစဥ် သုတက မီးဖိုခန်းထဲမှနေ၍ လက်ထဲတွင် ပန်းကန်တစ်လုံးနှင့် ထွက်လာကာ
'' ပျိုရေ ဒီမှာ ဒေါ်ဒေါ် အုန်းသီးခြစ်ပြီးသားရှိသလောက် နဲ့ ယိုထိုးတားတာရပြီ မြည်းကြည့် မြည်းကြည့် ကောင်းမှကောင်း ''

YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomanceOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...