//12//

991 65 0
                                    

//12//

''ဟယ်လို!''

'' ညီ ဒီနေ့ အလုပ်မသွားနဲ့တော့ ကိုယ့်အိမ်ကို အလည်လိုက်ခဲ့?''

မနက်စောစော ဖုန်းလာသဖြင့် လုလင်ပျိုအိပ်ချင်မူးတူးနှင့် ဖုန်းကိုင်လိုက်စဥ် တစ်ဖက်မှကြားလိုက်ရသော သြရှရှအသံနိမ့်လေးကြောင့် အိပ်ချင်စိတ်များပင်ပြေသွားတော့သည်။
''ဟမ်?  ဘယ်ကအိမ်?''

တစ်ဖတ်မှ သူ့နားထဲဝင်လာသော အိပ်ချင်မူးတူးအသံလေးကြောင့် သောမြတ်ထည်ဝါ ခပ်တိုးတိုးရယ်လိုက်သည်။
''အဟွန့် မြို့ထဲက ကိုယ့်အိမ်လေကွာ! ညီ မရောက်ဖူးသေးတော့ ကိုယ်ဒီနေ့အလုပ်အားတုံးလေး လိုက်ပြမလို့! ဘယ်ပြောရမလဲနော် အဲ့အိမ်က ကိုယ်တို့ထာဝရအတူနေရမဲ့ ချစ်စံအိမ်လေး ဖြစ်ရင်ဖြစ်လာမှာနော့်!''

အစ်ကို့စကားကြောင့် လုလင်ပျို ပြုံးလိုက်မိသည်။
''အစ်ကိုတို့ကတော့နော် အဆင့်ကိုကျော်တွေး! မိဘတွေနဲ့တောင် မိတ်မဆက်ရသေးဘူး! ''

''တစ်ဆင့်ချင်း ဖြစ်လာမှာပေါ့ကွာ! ဒါနဲ့ ညီ့အိမ်ကပဲစောင့်နေ ကိုယ့်ဆိုင်ကယ်နဲ့ပဲ အတူသွားမယ်! ညီ သက်သက် တစ်စီး မစီးနဲ့တော့!''

''အမေ့ကို ဘယ်လိုပြောမှာတုံး!''

''သြော် ယောက္ခမကြီးကိုအမှန်တိုင်းပဲ ပြောမှာပေါ့! ကိုယ့်အိမ်ကို အလည်ခေါ်မလို့လို့လေ!အချင်းချင်းတွေ အိမ်အလည်ခေါ်တာက ထူးမှမထူးဆန်းတာ!''

''အမေ့ရှေ့ အဲ့လိုသွားခေါ်ရဲလား ဟမ်? အလကားချောင်ထဲက လက်သီးပုန်းပြနေတာ! ''

''စိန်မခေါ်နဲ့ညီ ကိုယ်ကတကယ်ခေါ်ရဲတယ်! အန်တီ့သားကို ကျွန်တော်ချစ်နေတာကြာပါပြီလို့ ပြောချင်စိတ်ကိုမနည်းထိန်းနေရတာ! ရှေ့နောက်စဥ်းစားနေရလို့သာ.....ကဲ ကဲ အိပ်ပုပ်လေး ပြန်မှေးအုံးမှာမလား? ကိုယ် ဖုန်းချလိုက်တော့မယ်!''

လူကို ရင်ခုန်အောင်လုပ်သွားမှတော့ ဘယ်ပြန်မှေးလို့ရတော့မလဲ ကိုသောမြတ်ထည်ဝါရဲ့_

အတူနေသွားရမဲ့ အချစ်စံအိမ်_

လုလင်ပျို သဘောတကျပြုံးလိုက်မိသည်။

ချစ်မိပြီးလျှင် ထာဝရအတူနေသွားချင်တာက ချစ်သူတိုင်းပင်။ ကိုယ့်လက်တွဲဖော်ထံမှ အနာဂတ်အစီအစဥ်များ ကြားရလျှင် မည်သူမဆို ရင်ဖိုကာ ကြည်နူးမိမှာပင်....

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now