//7//

1.4K 83 2
                                    

//7//

ခပ်သာသာတိုးခတ်သွားသော လေတို့ကြောင့်ဆံပင်တို့ဟာ ခပ်လွင့်လွင့်။ဖြောင့်ဖြူးနေသောလမ်းမကြီးထက် ဆိုင်ကယ်နှစ်စင်းသည် ဘေးချင်းယှဥ်လျက် ခပ်ဖြည်းဖြည်းမောင်းနေကြသည်။ တစ်ချက်ချက်ခပ်တိုးတိုးပျံ့လွင့်လာသော ရယ်သံတို့အရ ဆိုင်ကယ်ပိုင်ရှင်လူနှစ်ဦး ကျေနပ်ပျော်ရွှင်နေသည်မှာ အသိသာပင်။

သောမြတ်ထည်ဝါ ပြုံးရင်းပြောလိုက်သည်။
''ဘဝကဒီလိုကျတော့လဲ ကျေနပ်စရာကြီးနော်ညီ အချိန်တိုင်းလိုလို ပျော်ရွှင်ဖို့ကောင်းနေတော့တာပဲ''

''ဘာတွေများ ကျေနပ်နေတာလဲ အစ်ကိုရ''
လုလင်ပျို ခပ်တိုးတိုးရယ်ရင်း ပြန်မေးလိုက်သည်။

သောမြတ်ထည်ဝါသည် ဘေးကိုအသာငဲ့ကြည့်ရင်း ပြန်ဖြေလာ၏။
''သြော် မနက်ဆိုချစ်သူလေးနဲ့ အလုပ်တူတူသွား!မက်ဆေ့တွေပို့ ဖုန်းပြော!အားရက်ကျရင်ဒိတ်! အခြားလူတွေတော့ အားကျလွန်းလို့သေမှာပဲ!''

လုလင်ပျို ပြုံးလိုက်ရင်းပြောလိုက်သည်။
''ခုတော့ အရှေ့ကြည့်မောင်း အစ်ကို!မဟုတ်ရင် သေမဲ့လူက အစ်ကိုဖြစ်သွားမယ်!''

သောမြတ်ထည်ဝါ ရှုံ့မဲ့သွားတော့သည်။
''ပျို မကောင်းဘူးကွာ!roလို့ကို မရဘူး! တကယ်ဆို' ဒါပေါ့ကိုကိုရယ် ခုစာဖတ်နေသူတွေမှာ faလေးတွေမို့လို့ အားကျယုံကလွဲပြီး တတ်နိုင်မှာမဟုတ်ဘူး'လို့ ပြန်ဖြေရမှာ!''

လုလင်ပျိုသည် 'ပျို' ဟူသော စကားကြောင့် ရှုံ့မဲ့သွားတော့သည်။
''လာပြန်ပြီ ပျို!...ကျွန်တော်တို့ ဘယ်လိုသဘောတူထားလဲပြော! ပြီးတော့ ပြောပါအုံး! ကျွန်တော် 'ကိုကို'လို့ ဘယ်တုံးကခေါ်ဖူးလို့လဲ?ပြောပြော ဘယ်သူနဲ့မှားနေတာလဲ?''

ပြောပြောဆိုဆို လုလင်ပျိုသည် ဆိုင်ကယ်ကိုဘေးချရပ်လိုက်သည်။သောမြတ်ထည်ဝါလည်း ဆိုင်ကယ်ကို အမြန် ရပ်လိုက်ပြီး ကောက်တေးလေးကို အမြန်ချော့ရတော့သည်။
''အဲဗျ ပျို ဆိုတာကလေ နုငယ်ပျိုမြစ်သော ဆိုတဲ့အဓိပ္ပါယ်လေကွာ ညီ့သူငယ်ချင်းတွေတောင် ပျို လို့ခေါ်နေတာ......''

သူ၏စကားမဆုံးသေး ညီ၏ မျက်စောင်းဝင်းဝင်းကြောင့် ပါးနပ်စွာ ပါးစပ်ပိတ်လိုက်တော့သည်။
သူ ညီ့ကိုကြောက်လို့မဟုတ်ပါဘူးနော်! ချစ်လို့ ညီ မကြိုက်တာ ဆက်မပြောတော့ယုံပါ~

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now