//19//
အိပ်ရာထက် ပြန့်ကျဲနေသော ဓာတ်ပုံများကိုကြည့်ရင်း ရတီမျက်ခြယ် အတွေးနစ်နေမိသည်။
ငါအဲ့လို လုပ်လိုက်သင့်လား~သောမြတ်ငါ့ကိုမုန်းသွားရင် ဘယ်လိုလုပ်မလဲ?
အို ဒါဆို သူ သူ့နောက်ပါတော့မဲ့ဟာကို ပျော်ပျော်ကြီး လက်ပိုက်ကြည့်နေရမှာလား?
ဟိုတစ်နေ့ကလဲ အဲ့လူ တစ်ခုခုဖြစ်လို့နေမှာ အစောကြီး အလောတကြီးထသွားတယ်တဲ့!
ငါ မုန်းလိုက်တာ! ဘာလို့ ငါမဖြစ်ရတာလဲ?ဒေါသတကြီး မွေ့ရာကို ရိုက်ထည့်လိုက်လျှင် ခပ်တည်တည်အမျိုးသားတစ်ဦးက နုငယ်သည့်အမျိုးသားတစ်ဦး၏နဖူးကို နမ်းနေသည့်ဓာတ်ပုံက သူ့ရှေ့ဝင်လာ၏။အံကိုတင်းတင်းကြိတ်လိုက်မိပြီး ဓာတ်ပုံကိုဆွဲဆုတ်လိုက်မိသည်။
အချစ်မှာ မတရားတာ မရှိဘူး သောမြတ် ! နင့်ကိုပိုင်ဆိုင်ရဖို့ဆို ငါဗီလိန် လုပ်ရမယ်ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး လုပ်မယ်!
ဓာတ်ပုံများကိုယူကာ စာအိတ်တစ်အိတ်ထဲ ထည့်လိုက်သည် ။လှေကားထစ်များကို နင်းကာအောက်ထပ်သို့ ဆင်းလိုက်ပြီး ပြောလိုက်၏။
'ဦးလုံးရေ ဦးလုံး ဒီစာအိတ်ကို ဟိုဘက်ခြံက စာတိုက်ပုံးထဲ သွားထည့်ပေးပါ''🔸🔸🔸🔸🔸🔸🔸🔸
သောမြတ်ထည်ဝါသည် ကုမ္ပဏီမှ အလုပ်ဆင်းချိန် ညနေစောင်းပြန်လာချိန်တွင် ဧည့်ခန်းထဲ၌ လူစုံတက်စုံ တွေ့လိုက်ရ၏။အံ့သြစွာ မျက်ခုံးပင့်လိုက်မိရင်း မေးလိုက်သည်။
''ဘာဖြစ်လို့လဲ မျက်နှာတွေသိပ်မကောင်းသလိုပဲ''ဒေါ်ထိပ်ထားစံသည် မျက်နှာတင်းတင်းနှင့် မြေးဖြစ်သူကို ကြည့်ရင်းပြောလိုက်သည်။
''မြေး ဒီကိုလာပါအုံး ဒါဘာတွေလဲ?''သောမြတ် ဇဝေဇဝါနှင့် လျှောက်သွားလိုက်သည့်အခါ စားပွဲခုံပေါ်မှ ဓာတ်ပုံများကို တွေ့လိုက်ရသည်။သူနှင့် ညီတို့ ဘုရားသွားခဲ့သည့်နေ့က ပုံများ။လက်ချင်းတွဲကာ ပြုံးရွှင်နေသည့်ပုံရိပ်က ထင်ရှားစွာ။ညီ့ ကိုပြန်လိုက်ပို့စဉ်က နဖူးလေး နမ်းလိုက်သည့်ပုံတောင်ပါသေးသည်။သူငယ်ချင်းတွေဟု ရောချလိုက်မှာ ကြောက်ပုံရသည်။ လက်သည်တရားခံက တွေးကြည့်စရာပင်မလို ။အဟက် ဘယ်လိုလုပ်မလဲ သူလဲ ငြင်းဖို့ စိတ်ကူးလုံးဝမရှိတာ ခက်တာပဲ~သူ တွေးထားတဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ရေကန်အသင့် ကြာအတင့် တောင် ဖြစ်သွားသေးတယ်!
![](https://img.wattpad.com/cover/301232472-288-k331530.jpg)
YOU ARE READING
သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed)
RomanceOne Day,there will be HE!ဆိုတဲ့ oneshort complete လေးကို ဇာတ်လမ်းဆက်ထားတာပါ။ ပွဲစျေးတန်းမှာစခဲ့တဲ့ချစ်ဖူးစာ.... လုလင်ပျို × သောမြတ်ထည်ဝါ ''သြော် ချစ်ဖူးစာရယ်တဲ့လေ ဆုံမှဆုံတတ်ပါလေ့ သေတပန်သက်တဆုံး ပေါင်းဖက်ဖို့သာရည်ရွယ် သြော် သည်ချစ်ဖူးစာရယ်တဲ့လ...