//21// U

1.1K 65 5
                                    

//21//

ခရမ်းနုရောင်ကို အများဆုံးခြယ်သ ထားသည့်ကိတ်ဆိုင်လေး။
လုလင်ပျိုတို့ ကိတ်မုန့်များနေရာချ ဆိုင်ခင်းရင်းအလုပ်ရှုပ်နေ၏။ ယနေ့ ဘာ့ကြောင့်မှန်းမသိ ဇွဲကိုပါ မလာစဖူး အလာထူးနေသည်။
လုလင်ပျိုတစ်ယောက် မှန်ဘောင်ထဲ Blueberry cakeများ နေရာချနေစဥ် ဇွဲကို ကပြောလာ၏။
''ပျို မင်းသိသင့်တယ်ထင်လို့...ထည်ဝါ စံအိမ် နဲ့ မျက်ခြယ်စံအိမ် နှစ်အိမ့်တစ်အိမ် ရွှေလမ်းဖောက်တော့မယ်လို့ သတင်းတွေထွက်နေတယ်! တရားဝင်တော့ မဟုတ်သေးပေမဲ့ သတင်းတွေထွက်နေတယ်ဆိုထဲက သေချာနေလို့....မင်းရောအဲ့အကြောင်းသိလား?''

ဇွဲကိုထံမှ ကြားလိုက်ရသော စကားကြောင့် လုလင်ပျို ကြောင်အသွား၏။
''ဟင် ......တကယ်.. တကယ်လား? ငါမသိဘူး...အစ်ကိုက ဘာလို့....?''

ဒီလောက်ကိစ္စကြီးကို အစ်ကိုက ဘာလို့ သူ့ကိုမပြောပြရတာလဲ? ကိစ္စထွေထွေ ထူးထူးမရှိဘူးလို့ ဘာလို့ညာပြောရတာလဲ?

သုတသည် ဇွဲကို၏ ခေါင်းကို ဖြတ်ရိုက်ထည့်လိုက်ပြီးနောက် လုလင်ပျို၏ ပခုံးကို ခပ်ဖွဖွပုတ်လိုက်ပြီး ပြောလိုက်သည်။
ဒီကောင်ဟာလေ လူ့အရိပ်သုံးပါး နားမလည်ဘူး! သောမြတ်ထည်ဝါ လုပ်ပုံကိုမကြိုက်ပေမဲ့ အဲ့လိုတုံးတိကြီး ပြောချလိုက်တော့ ပျို ခံစားရတာပေါ့လို့!
''သူ့မှာလဲ အကြောင်းရင်းတွေ ရှိလို့နေမှာပေါ့ကွာ''

သို့သော် လုလင်ပျို နားထဲမဝင်ပါ။
အစ်ကိုက အခြားလူနဲ့ စေစပ်တော့မယ်တဲ့!
လုလင်ပျိုသည် အေပရွန်ကို ချွတ်လိုက်ပြီး သုတကို ကမန်းကတန်း ပြောလိုက်သည်။
''ငါ..ငါ အစ်ကို့ကို သွားတွေ့မှပါ...မျက်နှာချင်းဆိုင် အကျိုးအကြောင်း မေးရမှ ဖြစ်မယ်! ''

'' ပျို ငါ လိုက်ပို့မယ်လေ!''

''ရတယ် ဇွဲကို ငါ အဝေးပြေးကားနဲ့ပဲ တက်လိုက်သွားမယ်!''

ပြောပြောဆိုဆို လုလင်ပျို သည်ဆိုင်ရှေ့ထွက်သွားပြီး ဆိုင်ကယ်ကယ်ရီ တစ်စီးကိုတားကာတက်လိုက်သွား၏။အဝေးပြေး ကားဂိတ်ကို သွားတာပဲဖြစ်ရမည်။လုလင်ပျို၏ ကျောဘက်ပုံရိပ်ကိုကြည့်နေရင်း ဇွဲကိုနှင့် သုတတို့ပြိုင်တူ သက်ပြင်းချလိုက်မိသည်။

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now