Part 6

798 115 4
                                    


ဆိုးလ်တက္ကသိုလ်

Jin အလုပ်မှ နေ့တဝက်ခွင့်ယူထားသည်။
မရောက်တာကြာပြီဖြစ်သော သူတက်ခဲ့သာ့်တက္ကသိုလ်ကို ရောက်နေချိန်တွင် ညကရှာဖွေထားခဲ့သော Jungkook၏အတန်းချိန်ဇယားက သူ့လက်ထဲတွင်ရှိနေပြီဖြစ်သည်။

မုန့်စားဆောင်မှ သူထိုင်နေသောစားပွဲကို လက်သည်းဖြင့်ခေါက်နေရင်း အပေါက်ဝကို စိတ်မရှည်သလို ကြည့်နေမိသည်။

စိတ်ထဲတွင်မူ
လာသင့်နေပြီထင်တယ်။

တွေးရင်း အချိန်ဇယားကို ပြန်ကြည့်လိုက်ပြီး ခေါင်းပြန်မော့လိုက်သောအခါ မုန့်စားဆောင်သို့ ဝင်လာသော Jungkookကိုတွေ့လိုက်ရသည်။

သူ့ဆီကို မရယ်မပြုံးဖြင့် တန်းတန်းမတ်မတ်လျှောက်လာသော Jungkookကို မလုံမလဲပြုံး၍

"မင်းjiwoo ကိုတွေ့မိသေးလား။

"ကျနော်နဲ့သူ မေဂျာမတူဘူးလေ Jin Hyung။"

"ဒါနဲ့ မင်းက ဘာမေဂျာလဲ။"

အပေါ်နှုတ်ခမ်းတွန့်ရုံလောက်သာ ပြုံးလိုက်ပြီး စားပွဲပေါ်သို့ လက်နှစ်ဖက်ကိုယှက်၍ တင်ရင်း

Jungkook:
"Jin Hyungနဲ့တူတူပဲ..နည်းပညာ။
Hyungက ကျနော်တို့မေဂျာရဲ့ နာမည်ကြီးပဲ။ကျောင်းပြီးတာ ၄နှစ်ကြာတာတောင် Hyungနောက်ဆုံးလုပ်ခဲ့တဲ့ projectကို professorတွေကပြောလို့မဆုံးတော့ဘူး။

Jinခေါင်းကိုကုတ်၍
"အာ..."

:"တက္ကသိုလ်တစ်ခုလုံးရဲ့ လျှပ်စစ်မီးတွေကို computerက ခလုတ်တစ်ခုထဲနဲ့ ထိန်းချုပ်ပြခဲ့တာ လွယ်တာမှ မဟုတ်တာ။"

ထိုနောက် နှစ်ဦးတည်းကြားနိုင်လောက်အောင် အသံကို နှိမ့်၍

:"ကျနော်သာဆို စာမေးပွဲမေးခွန်းတွေကို hackပြီး အကုန်လိုက်ဖြန့်လိုက်မှာ"
ပြောပြီးသည်နှင့် အာခေါင်ခြစ်သံကြီးဖြင့် ကျယ်လောင်စွာ တဟားဟားထရယ်လေသည်။

Jin၏စိတ်ထဲတွင် သူ၏အရှေ့တွင်ရှိသော ထိုJungkookကို သဘောမကျတော့ဘဲ အလိုလိုကြည့်မရဖြစ်သွားပြီး
Jin:"Jiwooမရှိဘူးဆိုတော့ ငါ‌ပြန်မယ်။"

စားပွဲပေါ်တင်ထားသော လက်ကိုပြန်ရုတ်လိုက်ပြီး ထိုင်ခုံနောက်ကို ကျောမှီချလိုက်ကာ
:"ကျနော် မရှိဘူးလို့ဘယ်တုန်းကမှမပြောခဲ့ဘူးနော်။Hyungကသာ သူမရှိတဲ့အချိန်ရွေးလာတာမဟုတ်လား။"

မျက်ခုံးတစ်ဖက်ကိုတွန့်၍ မချိုမချဉ်မေးလိုက်သော Jungkookကြောင့် အသက်ကိုခပ်ပြင်းပြင်းရှုထုတ်ရင်း ဒေါသကိုထိန်းကာ လှည့်ထွက်ခဲ့တော့သည်။

အပြင်သို့ရောက်သောအခါမှ ထိန်းချုပ်ထားခဲ့ရသော ဒေါသများဖြင့် လမ်းဘေးရှိမြက်ပင်များကို နင်းချေနေစဉ် မြည်လာသောphoneသံကြောင့် သူ၏ခေါက်ဖုန်းလေးကို ထုတ်ကြည့်လိုက်မိသည်။

အလွန်ခေတ် နောက်ပြန်ဆွဲနေသည်ဟု သူမိသားစုက စွပ်စွဲလေ့ရှိသော Jinအဖို့ သူ၏ရှေးကျလှသော ခေါက်ဖုန်းလေး၏မျက်နှာပြင်သေးသေးလေးတွင် တစ်ခါမှမမြင်ဘူးသော နံပါတ်အစိမ်းနှင့် ရောက်လာသော messageကြောင့် မျက်မှောင်ကျုံ့ရင်း ဖွင့်၍ဖတ်လိုက်သည်။

Jin Hyung နောက်ကျနော့်ကို တွေ့ချင်ရင် ဒီဖုန်းကိုဆက်လိုက်နော်။ကျောင်းကdata ထဲဖောက်ဝင်နေရင်ကြာနေမှာဆိုးလို့ပါ။

"တောက်စ်စ်!!"ခေါက်ရင်း phoneကို အိပ်အတွင်းသို့ထည့်လိုက်ပြီး
သူ၏phoneနံပါတ်ကို jiwooထံမှ တောင်း၍ရသည်လား။
သို့မဟုတ် hack၍ရသည်လား။Jinစဉ်းစားမနေတော့..

ထိုကောင်လေးကာသူ့အတွက် ကောင်းကျိုးမပေးလောက်မှန်း မသိစိတ်က လက်ခံလိုက်ကာ ဝေးဝေးကရှောင်ရန် ဆုံးဖြတ်လိုက်တော့သည်။

Say Yes(complete)Where stories live. Discover now