Flashback24နာရီဖွင့်သော mini-mark တစ်ခုတွင်
Jungkook စားလက်စ ခေါက်ဆွဲပြုတ်ပန်းကန်ကို ချလိုက်ပြီး Laptop၏မျက်နှာပြင်ပေါ်မှ ပေါ်လာသော လူတစ်ယောက်ကို မျက်တောင်မခတ်တမ်းကြည့်နေလိုက်သည်။ကုမ္ပဏီ၏ညစားစားပွဲကို နာရီဝက်ခန့်သာတက်ရောက်ပြီး ခပ်သုတ်သုတ်ပြန်လာသော
"Kim Seokjin"အရှေ့က စုံစမ်းခဲ့ဖူးသော လူများထက် ပို၍နားလည်ရလွယ်သယောင်ရှိသော်လည်း တစ်ခါတစ်ရံ ထူဆန်းသောအပြုအမူမျိုးကို လုပ်တတ်သည်။
ယခုကဲ့သို့ ညစာစားပွဲမှပြန်လာသော်လည်း သူထိုင်နေသော mini-markထဲသို့ဝင်လာပြီး အနားတွင်ထိုင်ကာ ခေါက်ဆွဲပြုတ်နှင့် သုံးမြှောင့်ရေညှိထမင်းလိတ်ကို အအေးဖြင့် အားရပါးရစားနေပြီး တစ်ကမ္ဘာလုံးတွင် တစ်ယောက်တည်းရှိနေသလို နေနေတတ်သည့် အချိန်မျိုးပင်ဖြစ်သည်။
လက်ထဲက phoneကိုထုတ်၍ ဟာသအစီအစဉ်ကိုကြည့်ရင်း တခွီးခွီးနှင့်ရယ်နေသော ထိုKim Seokjinဆိုသူမှာ အနားတွင်ထိုင်နေသောသူ့ကို မမြင်သလို ပတ်ဝန်းကျင်ကိုလည်း သတိမမူမိဟန်ဖြင့် တစ်ယောက်တည်း စားရင်းကြည့်နေသည်။
စားသောက်ပြီး အမှိုက်များကိုသိမ်း၍ အပြင်ကိုထွက်သွားသော ထိုသူ၏မျက်လုံးများမှာ အရာရာကိုအရှုံးပေးနေသလိုထင်မိသည်။
သူ့စိတ်ထဲတွင်လည်း
"ဒါHackerတစ်ယောက်ရဲ့ မျက်လုံးတွေမှမဟုတ်တာ... "
Jungkook မကြာသေးခင်က ရရှိခဲ့သော laptopအတွင်းမှ mailကိုဖွင့်ကြည့်လိုက်သည်။
မျက်နှာကို လက်နှင့်ပွတ်ရင်း ထိုmailတစ်ခေါက်ထပ်ဖတ်လိုက်သည်။
ရုပ်ရည်သွင်ပြင်၊အလုပ်အကိုင် အားလုံးကိုက်ညီနေသော်လည်း သူ့စိတ်ထဲတွင် တစ်ခုခုလွဲမှားနေသကဲ့သို့ပင်။
****************************************
Jungkook:"ကောင်းလိုက်တဲ့ security"
စားပွဲကို လက်ဖြင့်တစ်ချက်ခေါက်လိုက်ပြီးJungkook:"သူ့ systemထဲ ထပ်ဝင်ဖို့ကြိုးစားရင် အချက်ပေးတော့မယ်။အချက်ပေးလို့ မဖြစ်ဘူးဆိုတော့...."
လက်များက လျင်မြန်စွာလှုပ်ရှားရင်း systemထဲသို့ဖောက်ဝင်မည့်အစား အလုပ်နှင့်အိမ် အနီးတဝိုက်မှcctv ကို လှမ်းချိတ်လိုက်သည်။