ကားပေါ် ရှိ ထူထဲစွာခင်းထားသော ကူရှင်များပေါ်ထိုင်ရင်း Laptopတစ်လုံးဖြင့်အလုပ်ရှုပ်နေသောJinကို
Jungkook:"Hyung..နာနေသေးလား"မကြားဟန်ဆောင်ရင်း
Jin:"မင်း Dark Phoenixရဲ့ကုဒ်အဟောင်းတွေ ဖြေကြည့်တာ စံချိန်ဘယ်လောက်ရပြီလဲ။"Jungkook:"မနေ့ညက Hyungဆီမလာခင်.."
မျက်လုံးကိုစောင်းကြည့်ရင်း ကျေနပ်နေသောအပြုံးဖြင့် ပြုံးလိုက်ပြီး
Jungkook:"ကျနော်မလာဖြစ်အောင် ထိန်းပါသေးတယ်။Hyungကနေ့လည်က..."စကားဖြတ်၍
Jin:"စံချိန်က ဘယ်လောက်လဲလို့။"
Jungkook:"၁မိနစ် ၂၄စက္ကန့်။"
Jin:"ငါ့ထက် တော်တော်မြန်တာပဲ။"ကားကိုလမ်းဘေးကိုထိုးရပ်လိုက်ပြီး Jinဘက်ကိုမျက်နှာချင်းဆိုင်၍
Jungkook:" Hyung...စိတ်ဆိုးနေတာလား။စကားပြန်မပြောဘဲ မျက်မှောင်ကျုံ့လျှက် နှုတ်ခမ်းစူထားသော Jin၏ပါးကိုနမ်းလိုက်ပြီး
"ဟင်...စိတ်ဆိုးနေတာလားလို့။ဟင်..
Hyung..."ပတ်ထားသော ခါးပတ်ကိုဖြုတ်၍ ခေါင်းကလေးကို Jinပခုံးဆီသို့ ကြောင်ကလေးတစ်ကောင်လို့တိုးဝှေ့ရင်းချွဲနေသော Jungkookကို
Jin:"ခွေးကောင်လေး....
ငါ့ရဲ့ပထမဆုံးယောင်္ကျားလေးနဲ့...ဟိုလို. ငါကမင်းကိုက ဒီအချိန်ဘာပြောရမှာလဲကွ....သွားကွာ။"
ဖက်နမ်းရန်ပြင်လာသော Jungkookကိုတွန်းထုတ်ရင်း ပြုံးလိုက်သည်။ထိုအခါ ကျေနပ်သွားသလို မျက်လုံးလေး လဲ့နေအောင်ပြုံးလိုက်ရင်း
Jungkook:"ကျနော်ကရော...မဟုတ်လို့လား။"Jungkook၏နှာခေါင်းထိပ်လေးကိုနမ်းပြီး
Jin:"မောင်းတော့...ငါတို့မှာအချိန်သိပ်မရှိတော့ဘူး။ပြုံးလျှက်ပင် ခေါင်းကိုသွက်သွက်ငြိမ့်၍ CCSသို့ပြန်လာခဲ့တော့သည်။
*******************************
CCS company အထပ်၁၀
Katတွင်တာဝန်များမပြီးဆုံးသေးသည့်အတွက် Jinတို့နှစ်ယောက်နှင့်အတူ Namjoonသာ CCS companyတွင်ရှိနေကြသည်။အနောက်ဘက်စားပွဲမှ ထလာသော Jungkookက
Jungkook:" Namjoon hyung..... Jin Hyungအမေရဲ့ computerအဟောင်းကို ပြင်ပေးတုန်းက ကျနော်တစ်ခုစဉ်းစားမိတယ်။