နေ့လယ်စာစားချိန်မှန်းကာ Jiwooနှင့်ချိန်းဆိုထားသော နေရာCoffeeဆိုင်သို့ လာခဲ့လိုက်သည်။ကော်ဖီဆိုင်ထဲသို့ Jinဝင်လိုက်သည်နှင့်
Jiwooကလက်ကိုမြောက်ပြရင်း သူတို့ရှိနေသော နေရာသို့အသိပေးလေသည်။အနားကိုရောက်သွားသည်နှင့် အစွမ်းကုန် ပြုံးပြနေသော Hoseokကိုတွေ့ရလေသည်။"မင်္ဂလာပါ။ကျနော် Jung hoseokလို့ခေါ်ပါတယ်။Hobiလို့လည်းခေါ်ကြပါတယ်။"
ပြုံးရယ်နေသော Hoseokကိုကြည့်၍ သူ၏အပြုံးများက ကူးစက်လွယ်ကြောင်းအသိအမှတ်ပြုမိသည်။
ပြုံး၍ပင် လက်ကမ်းပေးရင်း
"Seokjin..Jin Hyungလို့ခေါ်လည်းရတယ်။"ဟုနှုတ်ဆက်လိုက်သည်။Hoseokခေါင်းကိုငြိမ့်ရင်း လက်များကပေါင်ကိုပွတ်နေပြီး အပေါက်ဝကို လှမ်းလှမ်းကြည့်နေ၍ မနေ့ညက Hackedထားခဲ့သော Hoseokသူငယ်ချင်းများ၏ Chatအကြောင်း တွေးမိသွားသဖြင့် ခေါင်းငုံ့ပြုံးမိသွားသည်။
Jinကိုတစ်ယောက်တည်း မတွေ့ဝံ့သဖြင့် သူ၏သူငယ်ချင်းများနှင့် ချိန်းထားကြောင်းကို သိနေသည့်အတွက် ပြုံး၍ချထားသော ရေကိုလှမ်းသောက်လိုက်သည်။ရုတ်တရက် ဝင်းလက်သွားသော မျက်နှာကြောင့် သူ့သူငယ်ချင်းများရောက်လာပြီ ဖြစ်ကြောင်းJinသိလိုက်သည်။
:"ဟေ့ကောင်တွေ မင်းတို့ဒီကို ဘာလာလုပ်တာလဲ။.."
ကြိုတင်စီစဉ်ထားသည့်အတိုင်း တစ်လုံးမကျန်ပြောနေသော Hobiကို ကြည့်ရင်း Jinအနောက်သို့လှည့်လိုက်သည်။
Jiminနှင့်Taehyung ပြီးတော့ Jungkook...
Jimin:"အား ...Hobi Hyungတိုက်ဆိုင်လိုက်တာ။"
Taehyung:"မိတ်ဆက်ပေးဦးလေ။"
သူ့ညီမနှင့် နေ့တိုင်းလိုလိုတွေ့နေကြ တက္ကသိုလ်မှ သူငယ်ချင်းများဖြစ်သော်လည်း မသိလေဟန် မိတ်ဆက်ခိုင်းသော သူတို့ကို Jinကတစ်ဖြန်ပြန်၍ မသိဟန်ဆောင်ကာ ကိုယ်တိုင် ထပ်မံမိတ်ဆက်လိုက်ရသည်။
Jin:"မင်းတို့က တက္ကသိုလ်ကျောင်းသားတွေလေ.....Hoseok..အဲ..Hobiက အလုပ်ဝင်နေပြီ ဘယ်လိုလုပ်သိတာလဲ။
Jimin:"ဟို..."
Jiwoo:"သူတို့က ၁နှစ်ထဲကွာတာလေ။Oppaက အလုပ်သင်အဖြစ်နဲ့ အလုပ်ဝင်တာ၆လပဲရှိသေးတယ်။။ကျောင်းမှာတွေ့တာပေါ့။"