Part 10

772 107 1
                                    


မိုးလင်းလာသည်နှင့် သူ့အတွက် Messageတစ်စောင်က အသင့်ကြိုနေလေ့ရှိသည်။
ရောက်ရှိနေပြီဖြစ်သော တစ်နေ့တာလေ့ကျင့်ရန်အတွက် တာဝန်ပေးသည့် messageကို ဖွင့်ဖတ်ရင်း ကုတင်ပေါ်က ဆင်းလိုက်သည်။

Katသို့ Jinရောက်ရှိနေသည်မှာ တစ်ပတ်ပင်ပြည့်တော့မည်ဖြစ်သော်လည်း Eliteကိုတွေ့ခွင့်မရသေး။

Jinသာမက Green hatနှစ်ယောက်ဖြစ်‌သောTaehyungနှင့် Jiminတို့လည်းတွေ့ခွင့်မရသေးပေ။
စိတ်ပျက်လက်ပျက်နှင့် ရေချိုးခန်းတွင်ရေချိုးရင်း Grey တစ်ယောက်က Green တို့နှင့် အတူလေ့ကျင့်နေရသည်ကို မကျေမချမ်းဖြစ်နေရင်း ဆပ်ပြာကိုချည်း နင်းတိုက်နေမိသည်။

ရေချိုးနေစဉ် အခန်းတံခါးကိုဆွဲဖွင့်ရင်း မျက်နှာသစ်ရန် ဝင်လာသော Jungkookကိုတွေ့လိုက်ရသဖြင့်
"ဟေ့ကောင်...မင်းတံခါးမခေါက်တတ်ဘူးလား။"
ဟုမေးရင်း ရေချိုးခန်းလိုက်ကာဖြင့် သူ၏ကိုယ်လုံးကိုကာလိုက်သည်။

မျက်လုံးကိုမနည်းဖွင့်၍ တစ်ချက်လှမ်းကြည့်လိုက်ပြီး စကားမပြောဘဲ သွားဆက်တိုက်နေသည်။ဘောင်းဘီကိုချွတ်ကာ သေးကို အချိန်အကြာကြီးဆွဲပေါက်သည်။
ပြီးတော့
"မြန်မြန်လက်စမသတ်ရင် ကျနော်ဝင်လာတော့မယ်။"ဟုပြောပြီး လှောင်နေသလိုပင် အော်ရယ်လေသည်။

"ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ။ လာလေ....မင်းတောင်လာရဲသေးတာ။"

သူ့ကိုလှောင်ရယ်နေရာမှ ဒေါသထွက်သွားသလိုပင် မျက်နှာတည်သွားပြီး လက်မှရေစက်တို့ကိုခါ၍ အပြင်သို့ထွက်သွားလေသည်။

"မလောက်လေးမလောက်စားက ငါ့များလာစမ်းနေတယ်။"ဟု အော်ပြောပြီးသည်နှင့် ရေကိုဆက်ချိုးနေပြီး

"ဒီကောင်တွေနဲ့တော့ အတူတူအကြာကြီးဆက်နေရရင် ငါရူးတော့မှာပဲ။ဘယ်လိုဟာလေးတွေမှန်းကိုမသိဘူး။"

*************

အခန်းအပြင်ထွက်၍ အလုပ်လုပ်နေသောNamjoonဘေးတွင် မနက်စာစားရန်ပြင်နေစဉ်
Namjoon:"Jin Hyungပို့ထားတဲ့စာ ရပြီလား။ဒီနေ့ အဲ့ဒါကို ၃နာရီအတွင်းဖောက်နိုင်ရင် ကျနော်တို့၃ယောက်နဲ့အတူ Eliteရဲ့တာဝန်တွေကို စလုပ်ကြတာပေါ့။"

Say Yes(complete)Where stories live. Discover now