Part 19

757 91 3
                                    

Jin:"တော်ပြီ မစားနိုင်တော့ဘူး။"
Jungkook:"မရဘူး...စားရမယ်။

Jungkookတစ်ယောက် ပန်းကန်အတွင်းသို့ နေ့လည်က သူချက်ပြုတ်ထားသော ဟင်းများကိုထည့်ကျွေးရင်း တစ်လုတ်ပြီးတစ်လုပ်စားစေသည်။

Jungkook:"သည်လောက်ပိန်နေအောင်ဘယ်လိုများနေနေတာလဲ။"

Jin သူ၏ပါးကိုယောင်ရမ်း၍ စမ်းမိပြီး ခပ်ဖွဖွရယ်ပြရင်း

Jin:"မင်း pizzaမှာကျွေးရင် ငါပိုစားလို့ကောင်းမှာ။"

Jungkook:"မှာကျွေးပါလိမ့်မယ်.အားကြီးကြီး.....စောင့်နေ"

သက်ပြင်းရှည်ချရင်း
Jin:"မနက်ဖြန်ကျရင် Hyungဘာပဲလုပ်လုပ်မင်းဝင်မပါနဲ့။ပြီးတော့ Hyungကိုဘယ်လိုပဲဆက်ဆံနေပါစေ..."

Jungkook:"အင်း......ဒီအတိုင်းပဲ Hyungအနားမှာနေဖို့ ကျနော်လိုက်လာတာပါ။

Jin:"ကျေးဇူး..အု.."
နောက်တစ်လုတ်ထပ်သွင်းလာသော ထမင်းလုတ်ကြောင့် စကားမပြောနိုင်တော့ဘဲ မျက်လုံးဖြင့်သာ ဆဲလိုက်သည်။
ခွေးကောင်လေး

**************************

တည်ခိုရာနေအိမ်
"Hyung"
တိုးတိတ်သောJungkook၏ခေါ်သံကြောင့် Jinတစ်ဖက်သို့လှည့်လိုက်ရင်း

"အင်...ဘာလဲ။"

"ကျနော်ဟိုနေ့ကပြောခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်။စိတ်မထိန်းနိုင်ဘဲ...."

သူ့ကိုကြည့်ရင်း တောင်းပန်စကားဆိုလာသောJungkookကို မှုန်ဝါးဝါး အခန်းမီးများကြားမှ ကြည့်နေရင်း စိတ်များထိန်းမရတော့ဘဲ

Jin:"အာ....မသိတော့ဘူးကွာ။ဖြစ်ချင်ရာဖြစ်တော့။

Jungkook၏မျက်နှာကို လက်ဖြင့်ကိုင်၍ အပေါ်ကမိုး၍ နှုတ်ခမ်းပါးလေးများကို တစိုက်မက်မက် နမ်းရှိုက်လိုက်မိသည်။တန်ပြန်အနမ်းတို့မရရှိခဲ့သောကြောင့် အနမ်းတို့ကိုရပ်၍ တောင်းပန်စကားဆိုရန် မျက်နှာချင်းခွာလိုက်မိသည်။

""Jungkook..အာ Hyung"""

စကားမဆုံးမီ အင်္ကျီကော်လံစကို အဆွဲခံလိုက်ရပြီး နွေးထွေးသောနှုတ်ခမ်းများက သူကိုတစ်ဖန်ပြန်လည် နမ်းရှိုက်လာသည်။
ပြဿနာအားလုံး၊သူ၏စိုးရိမ်ပူပန်မှုများအားလုံးကို မေ့သွားပြီး သူ၏အရှေ့တွင် Jungkookတစ်ယောက်သာရှိတော့သည်။
ထိုနောက်နဖူးချင်းထိထားရင်း

Say Yes(complete)Where stories live. Discover now