Katကိုရောက်သည်နှင့် ဧည့်ခန်းတွင်အသင့်ဖျော်ပေးထားသော ချောကလက်ပူပူတစ်ခွက်ကို ယူသောက်၍ computerများထားရှိရာ အခန်းကျယ်ကို လျှောက်လာရင်း
Taehyung:"မွှေးလိုက်တာ.... ဘယ်ကရတာလဲ။"Jin:"ဟင်...မင်းတို့သောက်ရင်း ငါ့အတွက်ပိုဖျော်ထားတာ မဟုတ်ဘူးလား။
Taehyung:"ပေါက်ပေါက်ရှာရှာ....သောက်ချင်တယ်။"
ဘေးကငြိမ်ရင်း computerတစ်လုံးဖြင့်အလုပ်ရှုပ်နေသော Yoongiက
Yoongi:"Jungkookဆီက သွားတောင်း သူ့ဆီမှာအမျာကြီးပဲ။"Taehyungတစ်ယောက် "Jungkook"ရေဟုအော်ဟစ်ရင်း သူတို့အခန်းကိုဝင်သွားလေသည်။
ထိုစဉ်
Jin:"ရော့...."
Yoongi:"ဘာလဲ...Hyung"
Jin:"ကဒ်မှာ ထည့်ထားတဲ့ကုဒ်ကိုပွားခဲ့ပြီ။"မျက်လုံးများလက်သွားပြီး တစ်ပြိုင်နက်ဆိုသပင် NamjoonရောYoongiပါ
"ဟေ့ကောင်တွေ...ကဒ်ရပြီကွ"အကုန်ပျော်ရင်း အော်ဟစ်ထွက်လာကြသော်လည်း Jungkookတစ်ယောက် မှုန်ကုပ်ကုပ်ဖြင့် အခန်းထဲမှထွက်လာလေသည်။
Yoongi:" hyung...ဘယ်လိုရလာတာလဲ။သူအင်္ကျီအိတ်ကပ်ထဲမှာ အမြဲထည့်ထားတာဆို.....။"
အသံမြည်အောင် ဝုန်းခနဲထိုင်ချလိုက်သော Jungkookက
"ပေး....ကျနော်လုပ်မယ်။"
ပြောပြီးသည်နှင့် ကဒ်ထဲမှာကုဒ်များကို ကျွမ်းကျင်စွာဖြင့် အသစ်ပြန်ရေးနေလေသည်။အတန်ကြာသောအခါ
Jungkook:"ကဒ်ထဲကဝင်ခွင့်ရ လူနာမည်မှာဘယ်သူကိုထည့်ရမလဲ။
ချက်ချင်းဆိုသလိုပင်
Jin:"ငါသွားလို့မဖြစ်ဘူး"Jungkook:"ဘာဖြစ်လို့လဲ။"
Jin:" haejin..... သူ့အတွက် အန္တရာယ်များတယ်။
Namjoon:"အဲ့ဒါတော့ဟုတ်တယ်။Hyungဝင်လာတာကိုတွေ့ရင် haejinကိုသူတို့သံသယဝင်မှာပဲ။ငါတို့ကြောင့်နဲ့တော့ အပြစ်မဲ့တဲ့လူ မနစ်နာစေချင်ဘူး။"
အားလုံးတိတ်ဆိတ်သွားစဉ် ခုံပေါ်ကပွားထားသောကဒ်ကို စက်ထဲနောက်တကြိမ်ထည့်၍
Jungkook:"ကျနော်သွားမယ်။"ထိုစဉ် အပြင်ကပြန်လာသောHobiက
Hobi:"ပါဆယ်တစ်ခု အပြင်မှာရောက်နေလို့ယူလာတယ်။