ည CCS companyတွင်Namjoon:" Yoongi Hyungရဲ့phoneကိုခေါ်လို့မရဘူးလား။"
Jin:"ဟင့်အင်း...ငါတစ်ချိန်လုံးခေါ်နေတာပဲ။Namjoon:"Jungkookရော....."
ပြန်မလာသေးကြောင်း ခေါင်းခါပြလိုက်စဉ် Namjoon အလန့်တကြားဖြင့်
Namjoon:" hyung...သူတို့ဝင်လာပြီ။"Jin:"ငါတို့ ဒီညကြိုပိတ်မယ်ဆိုတာ ဘယ်လိုလုပ်သိလဲ။"
Namjoon:"အဲ့ဒါအရေးမကြီးဘူး။ကျနော်တို့၂ယောက်တည်းနဲ့ ဘယ်လိုမှမတားနိုင်ဘူး။"
ထိုးဖောက်ဝင်လာသော Dark Phoenix၏ကျွမ်းကျင်မှုကား အံ့ဩလောက်ဖွယ်မြန်ဆန်သည့် အပြင်ကာကွယ်မှုကို မကျွမ်းကျင်ကြသည့် Jinတို့၂ယောက်စလုံး hackerနောက်လိုက်ရန် မဆိုထားနှင့် ဇောချွေးပြန်နေအောင် ကာကွယ်နေကြရသည်။
Jin:"Namjoon ...ဒီအတိုင်းသွားရင်..."ဆဲဆိုနေရင်း hackingကို လိုက်ပိတ်နေသော Namjoonမကြားသော်လည်း
"Hyungရအောင်လုပ်..."
ပြတ်သားသောလေသံနှင့် Jungkookတစ်ယောက် သူ့စားပွဲပေါ်သူပြန်ရောက်နေပြီး Taehyungနှင့်Jiminတို့ပါပါလာကြသည်။
Jinအားတတ်သွားသလိုပင် Namjoonကလည်း အားရအောင်ပြုံးလိုက်ပြီး
Namjoon:"Taehyung.....မင်းနဲ့Jiminကပြုပြင်ရေးလုပ်။Jungkook ကာကွယ်ရေးစနစ်စတော့...."Jungkook:"ခဏလေး...ကျနော်Jin Hyungရဲ့ကွန်ယက်ကို....."
သွတ်လက်စွာပင် Jinကာကွယ်ထားသောကွန်ယက်ကို Jinမိခင်၏ကွန်ပျူတာမှရရှိခဲ့သော စနစ်ဟောင်းဖြင့် ချိန်းလိုက်သောအခါ Dark Phoenixတို့ မတွေ့ခဲ့ဖူးသည့် စနစ်ဖြစ်နေ၍ သိသိသာသာပင် ထိုးဖောက်နှုန်းနှေးသွားသည်။
Jungkook:"ပြီးတော့ ကျနော်တို့ကွန်ယက်ကို CCSကနေထွက်ပြီး ကျောင်းရဲ့serverနဲ့ချိတ်လိုက်မယ်။Ok...."
Jinကို မျက်စိမှိတ်ပြပြီး
Jungkook:"စတော့......"သူတို့၅ယောက်အသုံးပြုနေသော ကွန်ယက်မှာ CCS၏ကွန်ယက်လောက် မမြန်သော်လည်း ရုတ်တရက်ပြောင်းလဲမှုကြောင့် ပို၍လုံခြုံမှုရှိလာသလိုပင်
Dark Phoenixတို့ နားမလည်နိုင်သော စနစ်ဟောင်း၏ကာကွယ်မှုကြောင့် သူတို့အသာစီးရလာသည်။