Part 17

676 91 2
                                    


သူရှောင်ပြေးနေခဲ့သောအခြေအနေတစ်ခု သူထံသို့ပြန်ရောက်လာချိန်တွင်

နောက်ဆုံးမှသိစေချင်ခဲ့သူက အရင်ဆုံးမေးလာသောအခါ
Jin:"ငါ...ဘယ်တုန်းကမှမေ့မထားခဲ့ဘူး။အမြဲတမ်းသတိရနေအောင်လည်း ကိုယ့်ကိုကိုယ်နေ့တိုင်း ပြန်အသိပေးနေတယ်။ငါ......

Jinလက်သီးကို တင်းတင်းဆုတ်ထားရင်း ပြောစရာစကားမရှိတော့သလို ငြိမ်သက်စွာရပ်နေသည်။ထိုနောက်

"ကျောင်းတုန်းက သူများတွေထက် အမြဲတမ်းအကွက်ကျော်မြင်တဲ့ငါက လူတိုင်းကိုလိုက်စိန်ခေါ်နေရတာကို ပျော်တယ်။သူများမလုပ်နိုင်တဲ့အတွင်းရေးတွေကို ငါတစ်ယောက်ပဲသိနေရတာကိုငါ....."

ပြောစရာစကားများအတွက် တဖြန်အားတင်းရင်း

"အဲ့ဒီအရသာကို ငါမက်မောရင်း အရမ်းနှစ်သက်လာမိတာ ငါဝန်ခံပါတယ်။Mr.parkရဲ့အတွင်းရေးကို ဖောက်ဖို့ ငါ့ကိုစိန်ခေါ်တဲ့အခါ သူ့အကြောင်းကိုသိရဖို့ထက် သူအများမလုပ်နိုင်တာကို လုပ်ပြဖို့ ငါMr.park ရဲ့အတွင်းရေးကို ၁လအချိန်ယူဖောက်ခဲ့ပြီး သတင်းတွေအားလုံးကိုချပြခဲ့နိုင်တယ်။"

"ဒါပေမယ့် ငါမထင်ထားတာက အဲ့သည့်သတင်းတွေက ကျောင်းက websites တွေပေါ်ရောက်သွားလိမ့်မယ်ဆိုတာပဲ။"

ခုံကို လက်သီးဖြင့်ထိုးလိုက်ရင်း
"ငါ ခေါင်းမရှောင်ဘူး Jungkook။ငါ့အပြစ်ကို ငါသိတယ်။ငါ့ကြောင့် အပြစ်မဲ့တဲ့လူ တစ်ယောက် အသက်ဆုံးရှုံးခဲ့ရတာကို ငါဝန်ခံတယ်။
ကိုယ့်ကိုကိုယ် သနားစရာတစ်ယောက်အဖြစ် ဖန်တီးပြီး အပြစ်ပေါ့အောင် လုပ်ဖို့လည်း ငါဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူး။

Jungkook:"ဒါပေမယ့် ရှောင်ပြေးခဲ့တယ်လေ။"

Jungkookပြောလိုက်သော စကားများမှာ နာကျင်နေနှင့်သော သူ့နှလုံးသားကို ရေခဲစနှင့်ထိုးခွဲလိုက်သလိုပင်။

"Hyungကတော့ ငါပစ်လိုက်တဲ့ခဲလုံးလေးက ဂယတ်ထသွားတယ်ဆိုတာလောက်ပဲသိတာ။ရေအောက်နက်နက်ဘယ်လောက်ရောက်သွားလည်းဆိုတာ Hyungမစဉ်းစားမိဘူးမဟုတ်လား..."

"ဘာတွေပြောနေတာလဲ။ငါ့ကြောင့်...."

"ဟုတ်တယ်။Mr.parkရဲ့သေဆုံးမှုကြောင့် သူ့မိသားစုပြိုလဲခဲ့တဲ့အပြင် Hyungဖော်ခဲ့တဲ့သတင်းတွေကြောင့် နလန်မထူးနိုင်တော့ဘူး။"

"ဒါပေမယ့်...ငါသိတာက။"

"ဒါပဲလေ..hyungသိတာက ငါဘယ်လောက်ထိ တော်တယ်ဆိုတာကြွားဖို့အတွက် သတင်းတွေဖော်လိုက်ပြီး အဲ့သည့်အထဲက ပါလာခဲ့တဲ့ အတွင်းရေးတွေကိုတောင် စိတ်ဝင်တစားလိုက်ဖတ်မကြည့်ဘူးမဟုတ်လား။"

"ငါ......"

"ကျနော် အမုန်းဆုံးလူမျိုးကလည်း Hyungလိုလူမျိုးပဲ။"

Jungkookရင်ထဲရှိနေသည့်စကားများကိုပြောပြီးသည်နှင့် Jinကိုမကြည့်ချင်တော့သလို ကျောခိုင်းထွက်လာခဲ့သည်။
ဟောခန်းအတွင်း ကျန် Katအဖွဲ့ဝင်များ၏အလယ်တွင် Jinကား တုန်လှုပ်ချောက်ခြားခြင်းများစွာဖြင့် မတ်တပ်ရပ်လျှက်ရှိသည်။

လူများ၏အရှေ့တွင် Jinမငိုဖြစ်။

မငိုတတ်လောက်အောင် လေ့ကျင့်ထားခဲ့သလို ငိုရလွန်၍လည်း မငိုနိုင်တော့သည်လည်းဖြစ်နိုင်သည်။

ထိုနောက်Hobiကို လှမ်းကြည့်ရင်း
Jin:"ငါ့ကို သူ့တို့အကြောင်း စုံစမ်းပေးပါလား။"

ခပ်သွက်သွက်ခေါင်းငြိမ့်လိုက်သော Hobiကိုနောက်ဆုံးအနေဖြင့်
"Jiwooကိုမပြောမိဖို့လည်း ငါတောင်းဆိုပါရစေ။

သူချည်ခဲ့မိသည့်ကြိုးထုံး သူသာလျှင်ဖြေနိုင်မည်မဟုတ်ပါလား။

Say Yes(complete)Where stories live. Discover now