part 18

708 91 2
                                    


Hobi စုံစမ်းပေးထားခဲ့သော Mr.park၏မိသားစုအကြောင်းရေးသားထားသည့် စာရွက်များကား Jinအိမ်ခန်း၏ အိပ်ရာနံဘေးတွင် ပျံ့ကြဲနေသည်။

လိပ်ပြာလေးတစ်ကောင် တောင်ပံခတ်လိုက်ရုံဖြင့် ကမ္ဘာတစ်ဖက်တွင် မုန်တိုင်းထန်စေတတ်ကြောင်း သူမတွေးမိခဲ့သည် မဟုတ်။
မတွေးရဲတာဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော် လွန်ခဲ့ပြီ။

လူဆိုးတစ်ယောက်ဟုခံယူထားသော သူအတွက် လူယုတ်မာဟူသော အမည်နာမတစ်ခုပြောင်းတတ်လိုက်ရုံသာ။

သို့သော်......
သူပြောင်းလဲနိုင်သည်။ပြောင်းလဲရဲသည် ဆိုသောအချက်ကို သူ့အားမျက်နှာချင်းမဆိုင်တော့သည့် Jungkookကိုပြောပြချင်မိသည်။

***************************

လေထန်နေသော ပင်လယ်ပြင်အရှေ့တွင် အိမ်လိပ်စာတစ်ခုကိုကိုင်ရင်း Jinမတ်တပ်ရပ်နေသည်မှာ မိနစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။

Mr.park၏ကျန်ရှိနေသော မိသားစုများကိုတောင်းပန်ရန် ဒီမြို့လေးကို Jinရောက်ရှိနေသည်မှာ ၄ရက်ပင်ရှိနေလေသည်။
သို့သော်သွားမတွေ့ရဲဘဲ လှည့်ပြန်ခဲ့ရသည်မှာလည်းအကြိမ်ကြိမ်ပင်။

သူအားခွန်အားပေးရန် တစ်စုံတစ်ရာကို မမျှော်လင့်ရဲသော်လည်း တမ်းတမိသည်။

ခန္တာကိုယ်ရောင်းစားရင်း သားငယ်လေးကို ပြုစုစောင့်ရှောက်နေသော အပျော်မယ်လေးကို သနားကြင်နာပြီး လက်ထပ်ယူခဲ့သော သူ၏ဆရာ......
ထိုမိန်းကလေးကို ကယ်တင်စောင့်ရှောက်ထားရင်း နောက်ထပ်မချစ်သင့်သူကို ချစ်မိသွားသည့် ဆရာ၏ သိုဝှက်ထားခဲ့သော ချစ်သူ......

Jin ကျောပိုးအိမ်ကိုတင်းတင်းဆွဲထားရင်း
စိတ်ထဲတွင်
မသိခဲ့လို့ပါ။
သူကြောင့် သည်လောက်ထိ နာကျင်ခဲ့ရမှန်းမသိခဲ့လို့ပါ။

တောင်းပန်ရခြင်းနဲ့ မလုံလောက်ခဲ့ရင် အပြစ်ပေးခြင်းကို ခံယူဖို့အဆင်သင့်ဖြစ်နေအောင် သူကြိုးစားရတော့မည်။

နှေးကွေးသော ခြေလှမ်းများဖြင့် တည်းခိုရာနေအိမ်သို့ပြန်ရန် လမ်းမထက်သို့ လျှောက်လာခဲ့သည်။
ထိုစဉ် Jin၏အရှေ့တွင် မှုန်ကုပ်ကုပ်နှင့် စိုက်ကြည့်နေသော Jungkook

Jungkookကိုမြင်လိုက်ရသည်နှင့် ဟန်ဆောင်တင်းထားသောစိတ်တို့ကား တားဆီးမရနိုင်တော့ဘဲ။ထိုနေရာတွင် မြဲမြဲရပ်ရင်း ဝဲတတ်လာသော မျက်ရည်တို့ကိုလူမမြင်စေရန် ခေါင်းငုံ့လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူအရှေ့သို့ဝင်လာသော ဖိနပ်ကလေးနှင့်အတူ ကျယ်ပြန့်သောရင်ခွင်ထဲ ဆွဲသွင်းခံလိုက်လိုက်ရသဖြင့်

နွေးထွေးလိုက်တာ......

>>>ငိုလို့ရပါတယ်နော်။
ဘယ်လိုပဲတင်းထားပါစေ ဒီတစ်ကြိမ်တော့ငိုခွင့်ပေးပါ။
သူချစ်ရသူရဲ့ ရင်ခွင်ထဲမှာပေါ့။<<<

*****************************

Jungkookတစ်‌ယောက် မည့်သည့်စကားမှမပြောဘဲ ငြိမ်ငြိမ်လေးငိုကြွေးနေသော သူရင်ခွင်အတွင်းမှ Jin၏ခေါင်းလေးပေါ်သို့ မေးထောက်ထားရင်း ကျောပြင်ကိုပွတ်သပ်ပေးနေမိသည်။
Hobi Hyung၏ချစ်သူ Jiwoo noonaက ပြောပြခဲ့၍ ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကြောင့် သူအလွန်စိတ်ဝင်စားသည့် ပညာရပ်ကိုဆက်လက်သင်ကြားရန် ကမ်းလှမ်းခဲ့သော ကျောင်းများစွာရှိပါလျှက်နှင့် အကုန်စွန့်လွတ်ထားခဲ့ပြီး အားလုံးနှင့် အဆက်အသွယ်ဖြတ်ကာ တစ်ယောက်တည်းနေလာကြောင်း သိခဲ့သည်။

Katထဲကိုခေါ်ရန် Eliteရဲ့တာဝန်ပေးမှုကြောင့် သူJin Hyungကို တစ်လနီးပါးစောင့်ကြည့်ခဲ့ရသည်မဟုတ်ပါလား။

နေလည်စာစားချိန်တွင် တစ်ယောက်တည်းစားတတ်ပြီး အိမ်ပြန်ချိန်တွင်လည်း အမြဲ တစ်ယောက်တည်းဖြစ်နေတတ်သော Hyung၏စိတ်ကို သူအရင်ကသတိမထားမိသော်လည်း အခုသူနားလည်စပြုလာပြီဖြစ်သည်။

လူအများကြားထဲတွင် နေနေရသော်လည်း အထီးကျန်နေသော Jinကို လူလောကနှင့်ဆက်သွယ်ပေးနိုင်သောလူ သူဖြစ်ပါရစေ။

(*Loneliness in crowded place
လူတွေအမျာကြီးကြားမှာနေပြီး အမြဲဟန်ဆောင်နေရတဲ့လူတစ်ယောက်ဟာ လောကမှာအထီးအကျန်ဆုံးပဲလို့ထင်မိပါတယ်။
*Jinဟာ တစ်ချိန်လုံးဟန်ဆောင်မျက်နှာဖုံးတပ်ထားရင်း လောကကြီးထဲကလူတွေနဲ့ဆက်ဆံနေခဲ့တာပါ။

*ကိုယ်သိပ်နှစ်သက်တဲ့ ရုပ်ရှင်လေးတစ်ခု၊စားစရာလေးတစ်ခုကို ရိုးသားစွာဝေမျှပေးချင်ပေမယ့် အနားမှာတစ်ယောက်မှမရှိတဲ့အခါ

*ဒါလေးကပဲ အမြဲလျှို့ဝှက်ထားခဲ့တဲ့ Jinရဲ့လျှိုဝှက်လေးပါ။)

Say Yes(complete)Where stories live. Discover now