အခန်းထဲသို့ရောက်သည်နှင့် အရင်သိထားသည့် သူတို့နှစ်ယောက်၏ဆက်သွယ်ထားသော အကြောင်းအရာတို့အပြင် Hoseok၏ကိုယ်ရေးကိုယ်တာများကို ထဲထဲဝင်ဝင် သိရှိအောင်ပြုလုပ်ရန် Jinစတင်ကြိုးပမ်းရတော့မည်။
သူ့ညီမလေးက သူ့ကိုမိတ်ဆက်ပေးရလောက်သည်အထိ ရင်းနှီးကျွမ်းဝင်ဖြစ်လာသောအခါ သူ၏ကျွမ်းကျင်မှုကို သူအသုံးချရလေတော့သည်။
မုန့်ထုပ်ကိုကိုင်ရင်း သူ၏Laptopကိုဖွင့်ရန် အိပ်ရာပေါ်သို့တတ်လိုက်သည်။
မနေ့ကဆွေမျိုးတစ်စုတို့အကြောင်း ရှာဖွေထားသော စာမျက်နှာကို Hideလိုက်ပစ်လိုက်သည်။
သူတို့၏အိမ်သို့မလာမီ လွန်ခဲ့သောညက
ဆွေမျိုးအားလုံးတို့၏တစ်နှစ်တာကာလအတွင်း စာပို့၍ဖြစ်စေ၊ဖုန်းပြော၍ဖြစ်စေ ဆက်သွယ်ပြောဆိုခဲ့သော အကြောင်းအရာများအပြင် emailများအားလုံးကိုပါ Jinသိရှိပြီးဖြစ်သည်။လူတိုင်းတွင် အနည်းဆုံးphoneတစ်လုံးစီရှိတတ်ကြပြီး
ထိုphoneတွင် သူတို့၏ကိုယ်ရေးကိုယ်တာမျိုးစုံကို ထည့်သွင်းထားတတ်ကြသည်။social mediaတစ်ခုတော့ အနည်းဆုံးသုံးစွဲတတ်ကြပြီး ထိုmediaများထဲတွင်သူတို့၏ကိုယ်ရေးကိုယ်တာများစွာရှိနေတတ်သည်။
Facebookဟုခေါ်သော mediaတွင် မည်သူမှမတွေ့နိုင်အောင် only meနှင့်တင်ထားခဲ့သောအကြောင်းအရာများ၊
Instagramတွင် privateလုပ်ထားသော အကောင့်များအပြင်
Tik Tokဟုခေါ်သော facial recognition မျက်နှာသွင်ပြင်တို့အားမှတ်သားထားသော mediaမျိုးရှိ အကြောင်းအရာများ
Phoneများတွင်ရှိသော noteတွင်မှတ်သားထားသောအကြောင်းအရာတို့ကို သိရှိရန် Jinအတွက် အချိန်အနည်းငယ်သာလိုသည်။
Cloudများ၊Googleနှင့်ရှာထားသောအကြောင်းအရာများ၊
YouTubeမှ ရှာ၍ကြည့်ထားသော videoများကိုသိရန် တခဏအတွင်း လုပ်နိုင်နေသဖြင့် အရာရာသည် Jinအတွက် ပျင်းရိဖွယ်အတိဖြစ်နေသည်။ယခုလည်း သူတို့အတွက် မည်သူမှမသိလောက်ဟု ယုံကြည်ရင်း အလိမ်ညာစကားများကို ပြောနေကြသည်ကို Jinပြုံး၍သာ နားထောင်နေလေ့ရှိသည်မှာ ရုပ်ရှင်တစ်ခုကိုကြည့်နေရသည်နှင့် တူလှသည်။
သန်းခေါင်ယံအချိန်သို့ရောက်လျှင် Hoseok၏ အချက်အလက်များစွာကို ရှာဖွေပြီးဖြစ်သည့်အတွက်
Hoseokထံတွင် ယောင်္ကျားလေးတို့သဘာဝ လူသိမခံဝံ့သော videoအချို့နှင့် အကြောင်းအရာအနည်းငယ်မှလွဲ၍ လူတော်တစ်ယောက်ဖြစ်ကြောင်းသိရှိသွားသကဲ့သို့ သူ့မိဘများ၊သူ၏အလုပ်အကိုင်တို့ကား Jiwooအတွက်စိတ်ချစရာပင်ဖြစ်သည်။ခေတ်မီနည်းပညာများကို အယုံအကြည်မရှိသည့် Jinက သူ၏စာအုပ်ကိုဖွင့်၍
၁.Hoseokကို သူ၏သူငယ်ချင်းများကHobiဟုခေါ်
၂.သူ့တွင်သူထက် အသက်ငယ်ရွယ်သော သူငယ်ချင်း၃ယောက်ရှိ
၃.Jimin, taehyung, Jungkook..
လိုက်မှတ်နေရင်းပင်
Jin:"နေစမ်းပါဦး။Jiminရဲ့ Twitter..
Taehyungရဲ့twitterနဲ့instagramက သည်မှာ
အင်... Jungkookရဲ့ဟာက"အတော်ကြာအောင်ရှာနေသော်လည်း Jungkook၏ social mediaကိုရှာမတွေ့သလို သူ၏ဓါတ်ပုံတစ်ချို့ကိုသာ Taehyung၏ Instagramတွင်တွေ့ရသည်။
ထိုနောက်သူတို့ အပြန်အလန် စကားပြောဆိုထားသော chatတွင် Jungkookအကြောင်းကို ထည့်သွင်းပြောကြားထားသော်လည်း
Jungkookက ဝင်ရောက်ပြောကြားထားသည်ကိုမတွေ့ရပေ။Jinမေးကို လက်ဖြင့်ပွတ်ရင်း
"မင်းက ဘယ်လိုလူလဲ။"