မနက်အိပ်ရာထလျှင် တကိုယ်လုံးကိုက်ခဲနေသဖြင့် ရေနွေးဖြင့်ရေချိုးသော်လည်း မသက်သာပေ။
Jungkookနှင့်အလုပ်တွဲလုပ်ရသဖြင့် အလွန်စိတ်တိုနေသော်လည်း စိတ်ဆိုးနေမှန်း ဘယ်သူမှမသိနိုင်အောင် သူ၏မျက်နှာက နူးညံ့သိမ်မွေ့လွန်းလှသည်။
Jin၏စိတ်ထဲတွင်မူ နှုတ်ခမ်းမွေး၊ပါးသိုင်းမွေးများနှင့်ဆိုလျှင် လူရှိန်သွားမည်လားဟုတွေးရင်း မရှိသည့် နှုတ်ခမ်းမွေးကိုပင် ခဏခဏစမ်းမိသည်။"ဒီmailကို လိပ်စာတစ်ချက်လိုက်ပြီးရင် သူပို့လိုက်သမျှ လူအားလုံးကို လိုက်လို့ရပြီ။"
ဆရာအရမ်းလုပ်လွန်းသော သူ၏အရှေ့ကလူကို တံတောင်ဖြင့်ဖယ်ရင်း
"ဟေ့ကောင်...သွားကွာ။ငါသိတယ်။"Jungkookက လှစ်ခနဲတစ်ချက် ပြုံးလိုက်သည့်အတွက်
စိတ်ထဲတွင် ဒီလောက်ချစ်ဖို့ကောင်းအောင်ပြုံးတတ်ရဲ့သားနဲ့ဟု သူ့စိတ်က တွေးရင်းငေးနေမိသည်။"ဒါဆိုလဲ..ပြီးရော.."
တစ်နေကုန်တာဝန်ကျရာ လုပ်ငန်းများကို ခွဲဝေလုပ်ရင်း ညစာစားချိန်သို့ရောက်သောအခါ ပြီးလုနီးပါးဖြစ်နေလေပြီဖြစ်သည်။
မည်မျှပင် အမြင်ကတ်လောက်စရာဖြစ်နေစေမှု သူ၏ကျွမ်းကျင်မှုကို Jinအသိအမှတ်ပြုရမည်ဖြစ်သည်။**********
ညစာစားနေချိန်တွင် တစ်ညလုံးကြမ်းပြင်တွင်အိပ်ရသည့်အပြင် တစ်နေ့လုံးထိုင်ရာမထ အလုပ်လုပ်နေရသည့်အတွက် Jin၏ကျောပြင်သည် တောင့်တင်းနေသည့်အတွက် ခေါင်းကိုဘယ်ညာချိုးလျှက် သက်သာလိုသက်သာငြား ပြုလုပ်နေစဉ်တွင်
Jungkook၏လက်တစ်ဖက်သည် သူ၏ပခုံးပေါ်သို့ ရောက်ရှိလာပြီး စတင်၍နှိပ်ပေးလေသည်။Jinပြန်ကြည့်လိုက်သောအခါ အစားစားလျှက်ပင် yoongiနှင့် namjoonတို့အား စကားပြောမပျက်သည်ကိုတွေ့ရသည်။
ပခုံးကို အားပြုနှိပ်ပေးနေရင်း ဂုတ်ပေါ်သို့တက်၍ လက်မ၊လက်ညိုးတို့ဖြင့် နှိပ်ပေးသောအခါ Jinမျက်လုံးမှိတ်နေလိုက်သည်။'မင်းဒုက္ခပေးထားတာမင်းပြန်နှိပ်'ဟုတွေးရင်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ကို နက်မှောင်နေသော မျက်လုံးများဖြင့် လှမ်းကြည့်နေသော Jungkookကိုတွေ့လိုက်ရသည်။