Part 9

752 105 6
                                    


"ဘာအဓိပ္ပါယ်လဲ။Katဆိုတာ။"

"Hyung...ကြောင်တွေကိုသိလား။သူတို့က လူတကာရဲ့အနားမှာ မသိမသာနေနိုင်ပြီး လူတွေမသိစေချင်တဲ့အကြောင်းအရာတွေကိုသိနိုင်တယ်လေ။ဒါကြောင့် catအစားကျနော်တို့က kat."

ပြုံးရင်းစကားဆိုလိုက်သော Taehyungကိုထပ်၍
"မင်းနဲ့Jiminက Green hat"

ခေါင်းငြိမ့်ရင်း သူတို့နားရောက်လာသော Jiminက
"ကျနော်တို့က ၂လပဲရှိသေးတယ်။Namjoon hyungက whistle blower။သူကဆရာကြီး။Yoongi hyungက Black ကနေ Whiteဖြစ်သွားတာ။"

စကားပြောနေသောသူတို့ကို လှည့်မကြည့်ဘဲ မုန့်စားရင်း အချေအတင် စကားပြောနေသော Jungkookတို့ကိုကြည့်၍

"Jungkookကလည်း ကျောင်းသားပေမယ့် whiteပဲ။သူက ဒီလောကထဲမှာကျင်လည်နေတာကြာပြီ။ကျနော်တို့ Namjoon hyungတို့ကို သူပဲခေါ်လာတာ။

:"ကျနော်က Hyungကို ဒီအတိုင်းပဲ သာမန်အရောင်းဝန်ထမ်းလို့ထင်နေတာ။"

ပြောပြီးသည်နှင့် Taehyungက Jinနားကို တိုးတိုးကပ်၍
"သူတို့က Hyungကို အရင်ရက်တွေထဲက လာမယ်ထင်နေတာ။"
ဟုခပ်တိုးတိုးပြောလေသည်။

လက်ရည်ကျသွားသည်ကို သူ့ကိုယ်သူ သိနေသောJinက မလုံမလဲပြုံးရင်း
"အခုသူတို့ဆွေးနွေးနေတာက.."

:"Hyungကို ခေါ်သင့်မခေါ်သင့် သူတို့နဲ့မတိုင်ပင်ဘဲ......"

JiminကာTaehyungကို နောက်ကျောထုလိုက်ပြီး တားလိုက်လေသည်။သူ့အရည်အချင်းကို စော်ကားသည့်သဘောသက်ရောက်နေတာကြောင့် Jinဒေါသထောင်းခနဲ ထွက်သွားသည်။
သို့သော် ဟန်ဆောင်ကောင်းသူပီပီ အပြင်လူတို့ မသိစေရအောင် ထိန်းလျှက်..

ကျောပိုးလွယ်အိတ်ကို ကောက်လွယ်ရင်း
"ပြောလိုက်ပါ... ဒီလောကသားအချင်းချင်းမို့ သည်နေရာကို ငါမမြင်ခဲ့သလို သဘောထားလိုက်မယ်လို့"ပြောပြီးသည်နှင့် ထထွက်ခဲ့သည်။

************

Katမှထွက်လာပြီး ကုန်းဆင်းအတိုင်းဆင်း၍ပြန်လာရင်း အရင်စိတ်မျိုးသာဆို  ထိုcyperစခန်းရှိနေသည်ကို သိလျှင် မရမကဝင်နိုင်အောင် ကြိုးပမ်းမိလိုက်မည်။

သို့သော်....
ခေါင်းကို ရမ်းလိုက်ပြီး တစ်ချက်ပြုံးလျှက် ကျောပိုးအိတ်ကို ပခုံးပေါ်ဆွဲတင်ရင်း ခပ်မှန်မှန် လမ်းလျှောက်ပြန်ခဲ့တော့သည်။

အနောက်မှလာနေသောဆိုင်ကယ်သံကြောင့် ဘေးတစ်ဖက်ကို ကပ်၍ရှောင်လိုက်သော်လည်း အနားတွင်လာရပ်သောဆိုင်ကယ်ကိုတွေ့လိုက်ရပြီး ထိုဆိုင်ကယ်ပေါ်မှ Jungkookဆင်းလာသည်။

:"ကျနော့်ကိုတော့ နှုတ်ဆက်သွားသင့်တယ်ထင်တာပဲ။"

ခပ်တင်းတင်းဆိုလိုက်သော Jungkookကြောင့်
"အေး..အဲဒါဆိုလည်း..တာတာ့ပဲ"

ဒေါသကိုအတတ်နိုင်ဆုံးထိန်း၍ နှုတ်ဆက်ပြီး ထွက်လာသောJinကို
:"သည်အတိုင်း ဆက်လျှောက်မလို့လား။ကုန်းဆင်းကြီးကို.."

မကြားဟန်ဆောင်လိုက်သည်က အကောင်းဆုံးဟု ယူဆလိုက်သော Jinအတွက် ခပ်မှန်မှန်ပင် လမ်းဆက်လျှောက်လာသည်။

ဆိုင်ကယ်ကိုထားခဲ့၍ ဘေးနားကပ်ကာ လမ်းလျှောက်လာသော Jungkookက
:"Eliteကို မတွေ့ချင်ဘူးလား။"

လမ်းလျှောက်နေရာမှ တုန့်ခနဲရပ်ရင်း
"Elite...."

ခေါင်းငုံ့၍ မြေကြီးကိုခြေထောက်ဖြင့် ဖွဖွကန်ရင်း
"ဟုတ်တယ်။ကျနော်တို့ Eliteရဲ့ လက်အောက်မှာအလုပ်လုပ်နေတာ။"

နှုတ်ခမ်းကိုတစ်ချက်မဲ့ရင်း
:"Hyungကိုလည်း သူပဲခေါ်‌ခိုင်းတာ။

စကားမပြောနိုင်ဘဲ jin၏ ဦးနှောက်များကား အလျင်အမြန်လှုပ်ရှားနေသည်။သူတို့၏လောကတွင် Eliteတစ်ယောက်၏လက်အောက်တွင် ပညာသင်ယူပြီး အလုပ်အတူတွဲလုပ်ခွင့်သည် သူတို့၏အိပ်မက်ပင်

"လူကျင့်ဝတ်ကို ချိုးဖောက်ဖို့မကြိုးစားဘူးဆိုရင် ငါပါမယ်။"

"ok! လာ...ကုန်းတက်ကြီးကိုကျနော်လမ်းမလျှောက်ချင်ဘူး။တတ်..."

ဆိုင်ကယ်ပေါ်ခွထိုင်ရင်း အနောက်ကနေရာလွတ်ကို ပုတ်ပြနေသော Jungkookကို
"ရတယ်.. ငါ လမ်းပဲလျှောက်မယ်"

နှစ်ခါမခေါ်တော့ဘဲ 'ကျွတ်'ခနဲ စုတ်တစ်ချက်သပ်ရင်း ဆိုင်ကယ်ပေါ်တက်၍ မောင်းထွက်သွားလေသည်။
Jinကား ကုန်းပေါ်ပြန်တက်ရင်း Katဆီသို့နောက်တစ်ခေါက်ပြန်ခဲ့လေသည်။

(Elite hacker ဆိုသည်မှာhackerလောကတွင် အတော်ဆုံးအဆင့်ဟု ပြောကြပြီး မည်သည့်အဖွဲ့အစည်း၏လက်အောက်တွင် မှလုပ်ကိုင်လေ့မရှိသူဟု ပြောစမှတ်ပြုကြသည်။)

Say Yes(complete)Where stories live. Discover now