ပြန်လာသည့် လမ်းတလျှောက်လုံးအိပ်ပျော်နေရာက နိုးလာသောJinတစ်ယောက် Jungkookကို နားမလည်ခြင်းများစွာဖြင့်Jin:"ငါတို့ Katကိုပြန်မှာမဟုတ်ဘူးလား။"
Jungkook:"ပြန်မှာ...နေရာကရွှေ့လိုက်ပြီ။"
Jin:"ဘာဖြစ်လို့လဲ။"
Jungkook:"ဓါတ်ပုံတွေပို့ပြီး ကတည်းက ကျနော်တို့နေရာကို သူတို့ရှာတွေ့သွားပြီလို့ထင်လို့။"
Jin:"အော်....ဒါဆိုဘယ်နေရာကိုလဲ။
Jungkook:"Haejin noonaတို့ရုံးက ကျနော်တို့နေရာ။"
Jungkookတစ်ယောက် ကားမောင်းနေရင်း Jinကို လှမ်းကြည့်လိုက်ပြီး
Jungkook:" Hyung ..... Haejin noonaနဲ့ကဘာမှ မဟုတ်ပါဘူးနော်။"ရယ်ချင်စိတ်ကို အောင့်ထားပြီးခပ်တည်တည်နှင့်ပင်
Jin:"အင်း...ငါတို့နှစ်ယောက်က......"
စကားဆုံးအောင် ပြောခွင့်မပေးဘဲJungkook:"မရဘူး။
ရယ်ချင်လျက်ပင်
Jin:"ဘာကို မရတာလဲ။
Jungkook:"မရဘူးဆို... မရဘူး။"
Jin:"အေးလေ....ဘာကိုမရတာလဲ။
ခပ်တိုးတိုးရယ်လိုက်ကြပြီး သူတို့နှစ်ယောက် ခေါင်းစဉ်ရှာမရဘဲ ငြင်းခုန်လာရင်း CCS companyအရှေ့သို့ရောက်လာသည်။
***********************
CCS company(Chinese Cyber Security Company)Jinတို့နှစ်ယောက် ဝင်လာသောအခါ ကျန်ရှိနေခဲ့သော Namjoonတို့ကား ရှိုးတိုးရှန့်တန့်ဖြင့် လာနှုတ်ဆက်ကြသည်။
Jungkookကို လှမ်းကြည့်လိုက်သောအခါ ပြုံး၍အားပေးသလို ခေါင်းကိုငြိမ့်ရင်း Jinအနားသို့ရောက်လာသည်။
အရှေ့ကို အရဲစွန့်သွားပြီး
Jin:"ငါ့ကို ကူညီပေးလို့ရမလား။"
ထိုစကားပြောပြီးသည်နှင့် Jin၏စိတ်ထဲတွင် ပေါ့ပါးသွားသည်။ဘဝတစ်လျှောက်လုံး သူတစ်ပါး၏အကူအညီကို တောင်းခံရကောင်းမှန်းမသိခဲ့ဘဲ အထီးကျန်နေခဲ့သည့် Jin၏နောက်ကျောကား Jungkook၏ကိုယ်ငွေ့တို့ဖြင့် နွေးနေလောက်အောင် နီးကပ်နေသည်။
ကျေးဇူးတင်လိုက်တာ.......
တစ်ဘဝလုံး ကိုယ်ရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ တစ်ယောက်တည်းနေခဲ့ပြီး သူတစ်ပါးကိုမယုံကြည်ခဲ့၊အားကိုး၍မရခဲ့သော Jinကို Jungkook၏ခိုင်မာလှသောလက်များဖြင့် အပြင်သို့ထွက်စေခဲ့ပြီး ကျန်ရှိနေသော သူငယ်ချင်းများနှင့်တွေ့ထိပေးခဲ့လေသည်။
Namjoonတို့အားလုံးပြုံး၍ တပြိုင်နက်လိုလို ခေါင်းငြိမ့်သဘောတူလိုက်ကြသည်။
************************************
Namjoon:"Hyungအဖေရဲ့ ရှယ်ယာဝင်တွေက မရိုးသားဘူး။ဒီမှာကြည့်..."ထောက်ပြလိုက်သော screenပေါ်ကိုကြည့်လိုက်သောအခါ
Namjoon:"သူတို့ငွေဝင်တဲ့လမ်းကြောင်း.....ပြီးတော့..."
ခလုတ်များကိုကျွမ်းကျင်စွာ နှိပ်ရင်း
Namjoon:"ငွေတွေကို သူတို့အကောင့်ထဲကနေ တခြားအကောင့်ကို ရုတ်တရက်ကြီးငွေလွှဲပြောင်းနိုင်အောင် လုပ်ထားတယ်။ဆွေးနွေးထားတဲ့ လုပ်ငန်းတွေစတာနဲ့ ငွေတွေပြန်ထုတ်သွားရင်......."
Jin:"အဖေတို့ ဒေဝါလီခံရနိုင်တယ်။"
သူ့ပခုံးကို အနောက်ကဖက်ရင်း
Jungkook:"ပြီးတော့....သူတို့လုပ်ဖို့ ကြံထားတာကြာပြီ။ဒီမှာကြည့်..... Hyungကျနော်တို့ဆီ မလာခင်ကတည်းက...."Jin:"အဖေရဲ့လုပ်ငန်းအသစ်ထဲက ရှယ်ယာရှင်တွေထဲမှာ မသမာသူတွေရှိနိုင်တာပေါ့။နေဦး...ရှယ်ယာအများဆုံးထည့်ထားတဲ့အကောင့်ကိုခဏပြ။"
Jungkookကျွမ်းကျင်စွာပင် ရှယ်ယာရှင်ကိုရှာဖွေပေးပြီး Jinဘက်ကိုScreenလှည့်ပေးလိုက်သည်။
Jin:"ဟုတ်ပြီ။အများဆုံးက ငါ့အဖေ....ပြီးတော့တရုတ်က တစ်ယောက်..ok...ပြီးတော့.....ငွေများရုတ်တရက်ထုတ်ယူသွားပါက အန္တရာယ်ဖြစ်နိုင်သော ရှယ်ယာရှင်၃ဦးကို စာအုပ်ထဲရေးမှတ်ရင်း
Jin:"သူတို့အားလုံးရဲ့ ငွေတွေကိုလွှဲယူမဲ့ အကောင့်ကရော...."စိတ်အားထက်သန်စွာပြုမှုနေသောJinကို ပြုံလိုက်ရင်း
Namjoon:"ဒီအကောင့်ပဲ..Hyung။"မျက်မှောင်ကျုံ့ကြည့်ရင်း
Jin:"နေဦး..."
အခန်းအတွင်းသို့ ဒရောသောပါးပြေးဝင်သွားသောJinကို Jungkookတို့နှစ်ယောက်လှမ်းကြည့်လိုက်ကြသည်။မကြာမီစာအုပ်အဟောင်းကြီးကိုင်ပြီး ထွက်လာရင်းJin:"ငါ အဲ့သည့်အကောင့်ပိုင်ရှင်ကို သိတယ်။"
ပြိုင်တူဆိုသလိုပင်
ဘယ်သူလဲ။Jin:"Mr.parkရဲ့ချစ်သူ...."