မနက်မိုးလင်းအိပ်ရာထလာသည်နှင့်သူ၏ခေါင်းထဲသို့ Jungkookအရင်ရောက်လာသည်။
ခပ်တိုးတိုးဆဲရေးလိုက်ပြီး
"ငါ့ရည်းစားရှိတုန်းကတောင် ဒီလောက်တွေးမိဘူး။"ညတုန်းကလည်း သူ့အကြာင်းတွေးနေသဖြင့် အိပ်ရာဝင်နောက်ကျခဲ့သော Jinတစ်ယောက် အိပ်ရေးမဝတဝနှင့်ပင် အလုပ်သွားရန်ပြင်ဆင်ရတော့သည်။
ညကအလုပ်အတွက် ပြင်ဆင်ထားခဲ့သော ဖိုင်ကို ရုံးချုပ်သို့emailလှမ်းပို့ထားပြီး အေးအေးလူလူ မနက်စာထိုင်စားနေသည်။
:"Seokjin..နင်ငါ့ computerကိုလာသုံးပြန်ပြီလား။နင့်laptopကို အမြဲတမ်းကလေးပွေ့ထားသလို တပွေ့ပွေ့နဲ့လုပ်နေပြီး အလုပ်ကိုmailပို့မယ်ဆို အဲ့သည့်stickအချောင်းနဲ့ပဲ ငါ့computerကိုလာလာထိုးနေ။"
"ဟုတ်။"
"။ပြောလိုက်ရင်...ဟုတ်.... ဒါပဲ။အပြင်လူကြားရင်....ငါပဲလူဆိုးဖြစ်မှာ။"
အလုပ်သွားရန်ပြင်ဆင်ပြီးထွက်လာသော Jin၏ဖခင်က မိခင်ဖြစ်သူကို လှမ်းဖက်ရင်း
"ငါသွားတော့မယ်။""ဒီနေ့ရော အပြန်နောက်ကျမှာလား။"
ခေါင်းသွက်သွက်ငြိမ့်၍ ထွက်သွားသော သူ၏ဖခင်ကိုကြည့်ရင်း
:"အဖေက ဘာလုပ်နေလို့နေ့တိုင်းနောက်ကျနေတာလဲ။":"ခြံထွက်တွေကို နိုင်ငံခြားပို့နိုင်အောင် လုပ်နေတာ။အဆက်အသွယ်နဲ့ချိတ်ပြီး ရှယ်ယာဝင်တွေခေါ်နိုင်အောင်လုပ်နေတယ်....."
"သစ်သီးခြောက်တွေ လုပ်မယ်ဆိုပြီး ပြောထားတဲ့အစီစဉ်ရောလား။ဒေါ်လေးတို့ရောပါလား......."
"ဟင့်အင်း မပါဘူး"ခေါင်းခါပြီး ထမင်းစားခန်းမှ ထွက်သွားသော သူ၏မိခင်ကိုကြည့်ရင်း
Jinဖခင်၏လုပ်ငန်းအဆက်အသွယ်များနှင့် ရှယ်ရာဝင်များ၏အကြောင်းစုံစမ်းရန် တေးမှတ်ထားလိုက်သည်။*********************
အရောင်းပြခန်းသို့ Jinရောက်ရှိချိန်တွင် သူငယ်ချင်းဝန်ထမ်းများပင် ရောက်ရှိနေပြီး စတင်အလုပ်လုပ်နေကြသည်။အိမ်ကမထွက်ခင် ပို့ထားသော emailကိုစစ်ရန် ကွန်ပျူတာဖွင့်လိုက်ချိန်တွင် ထိုmailမှာ ရှာမတွေ့ပေ။