အခန်း၏ အစွန်ဆုံးနေရာက ထမင်းဝိုင်းတွင်ထိုင်နေကြပြီး အားပေးနေသော သူ့သူငယ်ချင်းများကို ငေးကြည့်နေလိုက်သည်။
ကျွေးထားသောထမင်းကို ပလုတ်ပလောင်းစားနေရင်းက
Jimin:"သူဋ္ဌေးအိမ်က ကျွေးတာသူများနဲ့ကိုမတူဘူး။"ဟင်းပန်းကန်ကို လှမ်းယူရင်း
Taehyung:"အေးကွ.."Yoongi:"ဟေ့ကောင်...မင်းနားက ပုလင်းငါ့ကိုပေး.."
Taehyung:"Jungkook..နောက်တစ်ပုလင်းထပ်ပေးကွာ..ငါတို့ဒီည ဒီမှာအိပ်မှာ ကားမောင်းဖို့မလိုဘူး။ကစ်..လို့ရတယ်။"
ပြောပြောဆိုဆိုဖြင့် ဆိုဂျူများထောင်ထားသောနေရာသို့ထသွားပြီး ၃ပုလင်းဆွဲချလာသည်။
Hobi:"ညဘက်လူရှင်းရင် ဘောလုံးကန်ရအောင်..အရှေ့မှာနေရာအကျယ်ကြီးပဲ။"စားပွဲကို လက်နှင့်ရိုက်ရင်း
Namjoon:"ဟေ့ကောင်တွေ..."အားလုံးရယ်ကျဲကျဲဖြင့်
"သဘောပြောတာပါ.. Hyungရဲ့။ကျနော်တို့က ကန်ပါ့မလား...နော့်လေ"မပြောင်းလဲသော သံယောဇဉ်များကို ခံစားလိုက်ရသဖြင့် ပြုံးရင်းနှင့်ပင် စားပွဲအောက်မှ ဆုပ်ကိုင်ထားသောလက်ကို ခပ်တင်းတင်းညှစ်လိုက်သည်။
ထိုအခါလက်မဖြင့် သူ့လက်ကိုဖွဖွပွတ်၍ ပြန်လည်တုံ့ပြန်ရင်း သူ့ကိုလှည့်ကြည့်လိုက်သော Hyungကို မျက်စိထောင့်နားတွင်မြင်လိုက်ရသည်။Jin:"ဘာဖြစ်လို့လဲ။"
သူ့မျက်နှာကို စာအုပ်တစ်ခုလို အလွတ်ရနေသော Hyungက သူကြားနိုင်ရုံသာ ခပ်တိုးတိုးလေး မေးလိုက်သည်။
Hyungကို မျက်နှာအပ်၍ ပခုံးပေါ်မေးတင်လိုက်ရင်း
Jungkook:"အကြာကြီးနေမှာလား။"သူ့လက်ကို တင်းနေအောင်ပြန်ဆုပ်ကိုင်ရင်း ပြုံး၍ခေါင်းငြိမ့်ပြလိုက်ပြီး ခေါင်းဖြင့် သူ့နဖူးကို လှမ်းတိုက်လိုက်သည်။
Taehyung:"ဝေါ့..ဝေါ့.."
Namjoon:"အမလေး.လေး...ငါ့မျက်လုံး ငါ့မျက်လုံးတွေသွားပါပြီ။"
Yoongi:"$မြင်းကိုကတ်တယ်။အရှေ့လာပြီး"
Jimin:"သွားကြ.....ဝေးဝေးသွားကြ.."
ထမင်းစားဝိုင်းတွင် သူတို့အသံများဖြင့် ဆူညံပွတ်လောရိုက်ကုန်ကြသည်။