နောက်တနေ့ည
၁၂နာရီကျော်တွင် ရဲစခန်းကphoneဆက်အကြောင်းကြားလာသည်။မူးရစ်ရမ်းကားသူတို့ကို အာမခံထုတ်ပေးရန်။
စိုးရိမ်နေကြသော Jinတို့နှစ်ယောက်နှင့်အတူ Namjoonပါလိုက်လာရင်း ကားကိုမြန်မြန်မောင်းလာကြသည်။
ရဲစခန်းအရောက်တွင် ဖူးရောင်နေသော မျက်နှာများနှင့်အတူ ချောင်ထဲတွင်ထိုင်နေသော Yoongiနှင့်Hobiတို့အပြင် Jiminတို့နှစ်ယောက်ကိုပါ တွေ့လိုက်ရသည်။သူတို့ကိုမြင်သည်နှင့် ဝမ်းသာသွားသည့်မျက်နှာဖြင့် ပြေးထွက်လာရင်း
Taehyung:"Jin Hyungတို့ကလည်းကြာလိုက်တာ..."စိတ်တိုလွယ်သောNamjoonက
Namjoon:"မင်းငြိမ်ငြိမ်နေနော်...ငါလက်ချက်နဲ့ပြန်မှောက်သွားမယ်။"ထိုစဉ် Jungkookက စခန်းမှုးထံသွား၍ အကျိုးအကြောင်းမေးမြန်းသောအခါ လူငယ်တစ်စုကို အိမ်ထဲအထိဝင်ရိုက်ကြပြီး computerများကိုဖျက်ဆီးခဲ့ကြကြောင်းသိရတော့သည်။
စခန်းမှုး:"ကံကောင်းတာက သူတို့ဝင်ရိုက်တဲ့ကောင်လေးတွေက onlineပေါ်ကနေ တရားမဝင်လောင်းကစားတွေလုပ်နေကြတဲ့လူတွေပဲ။"
ထိုစဉ်အနောက်မှလိုက်လာသော Namjoonဝင်လာပြီး
Namjoon:"မင်္ဂလာပါ။တွေ့ရတာဝမ်းသာပါတယ်။ကျနော်က ဆိုးလ်cyper unitမှာ တာဝန်ထမ်းဆောင်နေတဲ့ Kim Namjoonပါ။"ထိုအခါမှ လိပ်စာကဒ်ကို မတ်တပ်ရပ်၍လှမ်းယူရင်း
စခန်းမှုး:"ဟုတ်ကဲ့။တွေ့ရတာဝမ်းသာပါတယ်။အခုအဖမ်းခံထားရတဲ့သူတွေကရော cyper unitကပဲလား....."
Namjoon:"အဲ့သည်လိုပြောလည်းရပါတယ်။ကျနော်တို့တစ်ဖွဲ့ထဲပါ။"
စခန်းမှုး:"ဒါပေမယ့် ဒီလိုဥပဒေမဲ့ဝင်ရိုက်နှက်တာကတော့...."
Namjoon:"ဟုတ်ကဲ့...ကျနော်တို့နားလည်ပါတယ်။"
ထိုနောက်စခန်းမှူးက အတန်ကြာအောင်စဉ်းစားနေရင်းက phoneကို ကောက်ကိုင်လိုက်ပြီး ခပ်ဝေးဝေးမှနေ၍ စကားပြောနေလေသည်။Jinတို့ဘက်ကိုလှမ်းကြည့်၍ ခေါင်းငြိမ့်လိုက်ပြီး ခုံပေါ်သို့ဝင်ထိုင်လိုက်ရင်း
စခန်းမှူး:"နိုင်ငံဝန်ထမ်းအချင်းချင်းလို့ယူဆလိုက်တာကြောင့် အာမခံနဲ့ပေးလိုက်မယ်။"
သူတို့အားလုံးဝမ်းသာသွားသော်လည်း အာမခံရမယ့်ငွေပမာဏကား မနည်းမနော။