Part 16

702 92 2
                                    

"Seokjin သားလေး"
အိမ်ပြန်ရောက်ကတည်းက အခန်းတွင်းအောင်းနေသည့် Jinကို အခန်းအပြင်က စိတ်ပူနေသော မိခင်ဖြစ်သူက ခပ်တိုးတိုးခေါ်လိုက်သည်။

"အမေ ဝင်လာပြီနော်။"

ဘယ်တုန်းကမှ တံခါးမခေါက်ခဲ့ဖူးသော မိခင်ဖြစ်သူက ခပ်တိုးတိုးစကားဆိုရင်း ဝင်ခွင့်တောင်းလာသောအခါ Jinအိပ်ရာပေါ်မှ ထထိုင်ပြီး လျော့ရဲရဲအပြုံးတို့ဖြင့် နှုတ်ဆက်လိုက်သည်။

"ထမင်းစားဖို့ ကျနော်ဆင်းလာခဲ့ပါ့မယ်။"

အိပ်ရာအနားသို့ ရောက်လာသော မိခင်ကခေါင်းလေးကိုပုတ်ရင်း

"သားငိုချင်ရင်ငိုလို့ရတယ်။စိတ်ဆိုးချင်လည်းဆိုးလို့ရတယ်။အမေ အရှေ့မှာ ဟန်ဆောင်ဖို့မလိုပါဘူး။"

"အမေ ဘယ်လိုလုပ်သိလဲ။"

ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး
"Jiwooကပြောတယ်။သားနဲ့အလုပ်အတူတွဲလုပ်နေတဲ့ သူငယ်ချင်းတွေက သူတို့ဆီဘာလို့မလာတာလဲတဲ့။ပြီးတော့...."

ဝင်လာခါစက Jinမမြင်ခဲ့သည့် မိခင်ဖြစ်သူ၏လက်ထဲမှကိုင်လာသော ဖွင့်လက်စစာအိတ်ကို အိပ်ရာပေါ်တင်လိုက်လေသည်။

ထိုအခါJinမျက်လုံးကို မှိတ်လိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းရှုထုတ်ရင်း
ပြန်ဖွင့်လိုက်လေသည်။သူထိန်းထားသောမျက်ရည်များသည် သူမိခင်၏အပြုံးများအောက်တွင် တားဆီးမရနိုင်အောင် စီးကျလာသောအခါ Jinမျက်နှာပေါ်က မျက်ရည်များကို ခပ်ကြမ်းကြမ်းပွတ်ပြီး သုတ်ပစ်လိုက်သည်။

ခပ်ရွဲ့ရွဲ့ပြုံးလိုက်ရင်း
Jin:" အပြစ်ရှိတဲ့လူက မငိုသင့်ဘူးမဟုတ်လား။သူခံသင့်လို့ခံရတဲ့ နာကျင်မှုပဲမဟုတ်လား"

Jinကို သနားညှာတာစွာဖြင့် တင်းကြပ်စွာဖတ်ရင်း
"ကြာလှပြီပဲ....သားလေးရယ်။"

မိခင်ဖြစ်သူကိုပြန်လည်မှီခိုရင်း ပွေ့ဖက်လာသော သားဖြစ်သူကို အားပေးနှစ်သိမ့်နေသော်လည်း နောင်မှရခဲ့သော နောင်တတရားတို့ကား သားဖြစ်သူကို နှိပ်စက်နေလိမ့်ဦးမည်ကို မိခင်တစ်ယောက်၏မေတ္တာစိတ်က အလိုလိုသိလိုက်သည်။

Say Yes(complete)Where stories live. Discover now